၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများ၏ အဖျက်အမှောင့်လုပ်ရပ်များကြားမှ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီး


Ministry of Information/ Naypyitaw / January 26, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၆

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာကျင့်သုံးနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်းလိုက်ကျင်းပဆောင်ရွက်ပေးခဲ့ရာ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများ၏ အဖျက်အမှောင့်လုပ်ရပ်များအကြားမှ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ် (၁၀၂) မြို့နယ်၌ လည်းကောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် မြို့နယ်(၁၀၀)မြို့နယ်၌လည်းကောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်(၆၁)မြို့နယ်၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နံနက် ၆ နာရီမှ မဲရုံပိတ်သိမ်းသည်အထိ မည်သည့်ဖိအား တစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့်သဘောထား ဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာ နိုင်ငံသားတစ်ယောက်၏တာဝန်ကျေပွန်စွာဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်ကို အားလုံးတွေ့မြင်ခဲ့ကြပြီးဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကိုရွေးချယ်နေချိန်တွင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးရေး၊ အစိုးရနှင့် ပြည်သူတို့၏ လက်တွဲညီစွာ ကြိုးပမ်းဆောင်ရွက်မှုများကို မလိုလားဘဲ ပြည်သူလူထု၏ လူမှုစီးပွားဘဝကိုပျက်စီးစေပြီး ရွေးကောက်ပွဲအထမမြောက်စေရေး၊ အေးချမ်းစွာ ဆန္ဒမဲပေးမှုများ ဆောင်ရွက်နေကြသည့် မဲဆန္ဒရှင်ပြည်သူများ အထိတ်တလန့်ဖြစ်စေရေး စသည့် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်းပြုလုပ်ခြင်း၊ ခြိမ်းခြောက်စာများပို့ခြင်း၊ အဝေးမှ လက်လုပ်လက်နက်ကြီးများ၊ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နှောင့်ယှက်ခြင်း၊ အသံမိုင်းများဖောက်ခွဲပြခြင်း၊ ဒရုန်းများဖြင့် Drop Bomb ချခြင်း၊ Fixed Wing ဖြင့်ပစ်ခတ်ခြင်း၊ မဲရုံသို့လာရောက်ရန် ကြို/ပို့ယာဉ်များအား တားဆီးခြိမ်းခြောက်ခြင်း၊ ပြည်ဖျက်ပြည်ပြေး မီဒီယာများမှတဆင့် မမှန်မကန်ဝါဒဖြန့် လုပ်ကြံရေးသားဖြန့်ဝေခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလများတွင်လည်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ရာ မြို့နယ်ပေါင်း ၄၁ မြို့နယ်တွင် အများပြည်သူဆိုင်ရာနေရာများ၌ မဟုတ်မမှန် ဝါဒဖြန့်စာစောင်များဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း၊ မဲမပေးရန်လှုံ့ဆော်အော်ဟစ်ပြောဆိုခြင်း/ ဆဲဆိုခြင်း၊ မဲမပေးရန်လှုံ့ဆော်သည့် Sound Box/ Speaker များဖွင့်ခြင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးဆိုင်းဘုတ်၊ ပိုစတာများအား ရိုက်ချိုးခြင်း၊ လှဲချခြင်း၊ မီးရှို့ခြင်းများ ၂၃ ကြိမ်၊ မဲရုံလုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း ၄ ကြိမ်၊ Drop Bomb ချ တိုက်ခိုက်ခြင်း ၆ ကြိမ်၊ လက်လုပ်အသံမိုင်းခွဲနှောင့်ယှက်ခြင်း ၂ ကြိမ်၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ၆ ကြိမ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၃ ကြိမ်၊ ရွေးကောက်ပွဲတာဝန်ခံဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ရွေးကောက်ခံပါတီအဖွဲ့ဝင်များအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်း ၃ ကြိမ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ၆ ကြိမ်၊ စုစုပေါင်း ၅၄ ကြိမ် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

ဆက်လက်၍လည်း အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁) ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၈၂)၌ လက်လုပ်အသံမိုင်း ဖောက်ခွဲခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက် အတွင်းသို့ ၁၀၇ မမ လက်လုပ်ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်အနီးနှင့် အမှတ်(၅)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးတို့၌ ဒေသန္တရလက်လုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအား Fixed Wing ဖြင့်ပစ်ခတ်ခြင်း၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ယုဇနဆီအုန်းကုမ္ပဏီ၊ မာရမ်းပျိုးခြံမှ ဆန္ဒမဲပေးရန်မဲရုံသို့ သွားရောက်သည့် ဆီအုန်းခြံလုပ်သား ၁၇၀ ဦးအားတားဆီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံအမှတ်(၂)အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းမြို့၊ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ လက်လုပ်ရှော့တိုက်ဒုံး(၆)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တမူးမြို့၊ စော်ဘွား(၁)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၃) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ ကသာမြို့မြောက်ဘက်နှင့် တောင်ဘက်မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအတွင်းနှင့် အောင်မြေသာဇံမြို့နယ်အတွင်းတို့သို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြင်းခြံမြို့ ထွေ/အုပ်ရုံးအနီး၊ တရားရုံးအနီးနှင့် ဗဟိုအကျဉ်းထောင်ကြားလမ်းအနီးတို့သို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ ညောင်ဦးမြို့နယ်၊ ဇုန်အမှတ်(၉)၊ မဲရုံအမှတ်(၆၄)၊ အခြေခံပညာမူလ တန်းကျောင်း(ပြွန်)စာသင်ကျောင်းအနီးသို့ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေမှ ၂၈ ရက်နေ့ ညနေပိုင်းအထိ အပိုင်း(၁) မဲဆန္ဒနယ် (၁၀၂) မြို့နယ် အနက် မြို့နယ်(၁၁)ခုတို့၌ နှောင့်ယှက်မှုများပြုလုပ်ခဲ့ကြရာ ပြည်သူ ၅ ဦးခန့် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားအုပ်စုသည် ကယားပြည်နယ်၊ ဖရူဆိုမြို့အတွင်းသို့ Drone များအသုံးပြု၍ Drop Bomb ချ တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးအုပ်စု၊ တောင်သုံးလုံးကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့များအတွင်းသို့ Fixed Wing များ၊ ရှော့တိုက်ဒုံးများ၊ Drop Bombများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့များအတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့အတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို အပိုင်း(၂) မဲဆန္ဒနယ် ၁၀၀ မြို့နယ်အနက် ၁၀ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ သစ္စာရှိနိုင်ငံ့ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ဝန်ထမ်း ၂ ဦးနှင့် အပြစ်မဲ့အရပ်သား ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အိုးအိမ် အိမ်ရာနှင့် နန့်ယားရွာလယ်တံတား နေရာများသို့ ၆၀ မမ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့၊ မြို့မရဲစခန်းအား Drone များ အသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နှင့် ဆားလင်းကြီးမြို့များအတွင်းသို့ Drop Bomb များ၊ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ မင်းကန်ဓာတ်ငွေ့ ပိုက်လိုင်းနေရာ၊ ရုံးစည်ကြီးကျေးရွာ၊ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(ထန်းတော)၊ မြင်းခြံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လယ်သစ်ကျေးရွာတို့အား Drop Bomb ချတိုက်ခိုက်ခြင်း၊ FPV Suicide Drone များဖြင့် တိုက်ခိုက်ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာ၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာ၊ ဇေယျဝတီမြို့နယ် ညောင်ခြေထောက်ကျေးရွာနှင့် ရေတာရှည်မြို့နယ်တို့အား Drop Bomb ချတိုက်ခိုက်ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို အပိုင်း(၃) မဲဆန္ဒနယ် ၆၁ မြို့နယ်အနက် ၁၁ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ အပစ်မဲ့အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများအနေဖြင့် ပြည်သူလူထုက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်သည့် လမ်းကြောင်းဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်မှုမရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိစေရေး၊ အစိုးရနှင့်ပြည်သူလက်တွဲ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို နှောင့်နှေးစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးစေရန်အတွက် ရွေးကောက်ပွဲအကြိုကာလများမှ စတင်၍ နည်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို ဖန်တီးလုပ်ဆောင်ခဲ့ကြသော်လည်း ပြည်သူလူထုဘဝတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံတော်အစိုးရ၏စေတနာနှင့် ရည်ရွယ်ချက်များကို နားလည်သဘောပေါက်စွာဖြင့် ပြည်သူအများစုမှ မိမိတို့ကြိုက်နှစ်သက်ရာ ပါတီကိုယ်စားလှယ်လောင်းမျာအား ရွေးချယ်မဲပေးခဲ့ကြသည်ကို တွေ့ရှိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ယှဉ်ပြိုင်ကြမည့် ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့် ပါတီ ၅၁ ပါတီ၊ စုစုပေါင်း ၅၇ ပါတီဖြင့် ရွေးကောက်ပွဲကျင်းပရန် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၊ သံတမန်များ၊ သတင်းမီဒီယာများနှင့် စိတ်အားထက်သန်စွာ ကိုယ်တိုင်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ရှေ့မှောက်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို သိမ်မွေ့သောနည်းလမ်းဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ဒီမိုကရေစီစနစ်ကို ထောက်ခံကြိုဆိုကြသည့် နိုင်ငံတော်အေးချမ်းသာယာမှုနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားမှုကို လိုလားကြသည့် တာဝန်သိပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများနှင့် သံသယဖြစ်ဖွယ်ရာများကိုတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် မြဝတီရုပ်မြင်သံကြားက တိုက်တွန်းသတင်း ထုတ်ပြန်အပ်ပါသည်။

Newspaper - 3423 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download