၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူ လူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ စတင်ဖွင့်လှစ်


Ministry of Information/ Naypyitaw / April 28, 2026
image_latest


နေပြည်တော် ဧပြီ ၂၇

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများတိုးပွားစေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော် (ရေ)က ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) နှင့် ရေကြောင်း လူငယ်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) တို့ကို ယနေ့တွင် သက်ဆိုင်ရာမြို့နယ်အသီးသီး၌ ဖွင့်လှစ်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော် (ရေ) သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို စာတွေ့ / လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၃ ခုမှ သင်တန်းသား သင်တန်းသူများအား သင်တန်းစတုတ္ထပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် လေ့လာရေးခရီးစဉ်များအဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ တန်ခိုးကြီးဘုရားများ၊ အထင်ကရနေရာများ၊ တပ်မတော်လေယာဉ်နှင့် စစ်ရေယာဉ်များလေ့လာရေးများအပြင် စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်ဝသို့ ရေလမ်းကြောင်းလေ့လာရေးခရီးစဉ်ပို့ဆောင်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများနှင့် တပ်မတော် (ရေ) ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။

သင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့နှင့် ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်း သင်တန်းသား သင်တန်း သူ ၈၀၀ ဖြင့် ဖွင့်လှစ်ကြသည်။

အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့မှ မေ ၂၉ ရက်အထိ ရက်သတ္တငါးပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းသင်တန်းများကို ၁၉၅၉ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၅၅၀ တို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်နှင့် လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သင်တန်းစခန်းအပါအဝင် သင်တန်းစခန်း ၂၀ ၌ ကျင်းပသည်။

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နေပြည်တော်သင်တန်းစခန်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် သင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်၍ ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများနှင့် တပ်မတော် (လေ) ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ် / ရဟတ် ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ (လက်နက်မဲ့) ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ တန်းမြင့်လေကြောင်း လူငယ်သင်တန်းတွင် လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတ၊ Airfield Procedure ၊ RC လေယာဉ် / ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ (လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန် ဘာသာရပ်များ ထည့်သွင်းပို့ချပေးသွားမည်ဖြစ်ပြီး တပ်မတော် (လေ) တွင်ရှိသော ပျံသန်းရေးအုပ်များ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် သင်တန်းစခန်းများအလိုက် ထူးချွန်သင်တန်းသားများကို အမောင်းသင် လေယာဉ်/ ရဟတ်ယာဉ်များအား နည်းပြဆရာများနှင့်အတူ ကိုယ်တိုင်လိုက်ပါမောင်းနှင် ပျံသန်းခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ နေပြည်တော်ကောင်စီနယ်မြေ၌ စုဖွဲ့ချိန်တွင်လည်း အခြေခံလေကြောင်း လူငယ်သင်တန်းသားများအား အခြေခံစစ်ရေးပြ (လက်နက်မဲ့) ပြိုင်ပွဲ၊ RC Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး တန်းမြင့်လေကြောင်း လူငယ်သင်တန်းသားများအား အခြေခံစစ်ရေးပြ (လက်နက်ပါ) ပြိုင်ပွဲ၊ Flight Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်သည်။

သင်တန်းကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ တန်ခိုးကြီးဘုရားများ၊ အထင်ကရနေရာများ၊ လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များကို လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး တပ်မတော်လေယာဉ်နှင့် တပ်မတော်စစ်ရေယာဉ်များကိုပါ လိုက်ပါစီးနင်းခွင့်ရရှိအောင်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့် အတွေ့အကြုံအသစ်များ၊ ဗဟုသုတအသစ်များရရှိမည်ဖြစ်သည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းနှင့် မိတ္ထီလာသင်တန်းစခန်း၊ မန္တလေးမြို့တွင် မန္တလေးသင်တန်းစခန်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့တွင် မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်း၊ မင်္ဂလာဒုံမြို့တွင် ရန်ကုန်သင်တန်းစခန်း၊ ကိုကိုးကျွန်းမြို့တွင် ကိုကိုးကျွန်းသင်တန်းစခန်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မော်လမြိုင်သင်တန်းစခန်း၊ ရှမ်းပြည်နယ် နမ့်စန်မြို့တွင် နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးမြို့တွင် တောင်ကြီးသင်တန်းစခန်း၊ ကျိုင်းတုံမြို့တွင် ကျိုင်းတုံသင်တန်းစခန်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် တောင်ငူသင်တန်းစခန်း၊ ပြည်မြို့တွင် ပြည်သင်တန်းစခန်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြစ်ကြီးနားသင်တန်းစခန်း၊ ကယားပြည်နယ် လွိုင်ကော်မြို့တွင် လွိုင်ကော်သင်တန်းစခန်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြိတ်သင်တန်းစခန်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မကွေးသင်တန်းစခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မုံရွာသင်တန်းစခန်း၊ ဟုမ္မလင်းမြို့တွင် ဟုမ္မလင်းသင်တန်းစခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပုသိမ်သင်တန်းစခန်းတို့အား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) အား သင်တန်းစခန်း ၁၈ ခု၊ သင်တန်း သား ၉၂၈ ဦးဖြင့်လည်းကောင်း၊ တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၉) အား သင်တန်းစခန်းနှစ်ခု၊ သင်တန်းသား ၁၁၆ ဦးတို့ဖြင့်လည်းကောင်း ယနေ့မှ မေ ၂၉ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3509 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download