၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / February 24, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ကျန်းမာရေးဝန်ကြီးဌာန ၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မကြာသေးမီက ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေ ၂၀၂၆ ခုနှစ်ကို ပြဋ္ဌာန်းပြင်ဆင်ခဲ့ပြီးဖြစ်သည့်အတွက် ဥပဒေပြင်ဆင်ချက်တွင်ပါရှိသည့် လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီးဌာနအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ အီလက်ထရွန်နစ်အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရွန်နစ် စီးကရက်၊ ယင်းအီလက်ထရွန်နစ် စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၉)အရ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်၍ တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တားမြစ်မိန့်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
၂၀၃၀ ပြည့်နှစ်တွင် ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals)အနက်မှ ကျန်းမာရေးနှင့် သက်ဆိုင်သည့် SDG များကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာစေရေးလာမည့် ငါးနှစ်တာကာလသည် အရေးကြီးသည့်အတွက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ပုံမှန်စောင့်ကြည့် ကြီးကြပ်ဆန်းစစ် သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များအား ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် လာမည့် ငါးနှစ်တာကာလအတွင်း မိမိတို့၏အဓိကရည်မှန်းချက်ဖြစ်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လူတိုင်းလက်လှမ်းမီရရှိစေရေးနှင့် ပြည်သူလူထုမှ ကျန်းမာရေးအတွက် ကိုယ်တိုင်စိုက်ထုတ် ကျခံသုံးစွဲရသည့် ငွေကြေးကုန်ကျမှု လျော့နည်းစေရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်စိုးက ၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လက်ရှိ မြန်မာနိုင်ငံတွင် ရရှိနေသောအညွှန်းကိန်းရလဒ်များ နှင့် ၂၀၃၀ တွင် ပြည့်မီရမည့် အညွှန်းကိန်းများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူး ချုပ်များက ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ် အလိုက်ရရှိထားသော အညွှန်းကိန်းရလဒ်များနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရမည့် အညွှန်းကိန်းများအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြဆွေးနွေးသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒေအကြံပေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3451 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
