၂-၈-၂၀၂၄ ရက်နေ့တွင် Diploma in International Financial Reporting Standards Batch-1, Level-II သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
၂-၈-၂၀၂၄ ရက်နေ့တွင် Diploma in International Financial Reporting Standards Batch-1, Level-II သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / August 05, 2024
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Financial Reporting Standards- Dip IFRS)၊ အမှတ် စဉ် (၁)၊ အပိုင်း(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ၂-၈-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်း၊ အဖွဲ့အစည်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာတွင်လည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းများအား စာရင်းစံဆိုင်ရာ အသိပညာဗဟုသုတများဖြင့် အကြံပြုချက်များပေးရာတွင်လည်းကောင်း၊ အစိုးရက ပိုင်ဆိုင်သော အစုရှယ်ယာများပါဝင်သော ကုမ္ပဏီများ၏ ဘဏ္ဍာရေးရှင်းတမ်းများအား စစ်ဆေးရာ တွင် စာရင်းစံများနှင့်အညီ ဖြစ်စေရေး စိစစ်ကြီးကြပ်ရာတွင်လည်းကောင်း၊ စာရင်းပညာကျွမ်းကျင်သူ နိုင်ငံ့ဝန်ထမ်းများ တိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် IFRS စာရင်းစံများနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို မိမိဌာန၏ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် လက်တွေ့အသုံးချလိုက်နာကျင့်သုံးခြင်းဖြင့် ပိုမို ကောင်းမွန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေးအစီရင်ခံစာများကို ရေးဆွဲ နိုင် ကြမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ မိမိတို့ လုပ်ငန်းတာဝန်များကို စွမ်းရည်မြင့်မားစွာ ဆောင်ရွက်နိုင်သည့်အပြင် စာရင်းပညာရပ်ကျွမ်းကျင်သူများအဖြစ်သာမက စာရင်းပညာပြန့်ပွားရေးအတွက်လည်း ပညာရပ်ကို လက်ဆင့်ကမ်းပေးနိုင်သူများအဖြစ် အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေကြရမည်ဖြစ်ပါကြောင်း၊
သို့ပါ၍ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ ပို့ချသည့် သင်ခန်းစာများကို မိမိတို့ဌာန၏ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သေချာစွာ ကြိုးစားသင်ယူမှတ်သားလေ့လာကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါသင်တန်းတွင် IFRS ခေါင်းစဉ် (၁၀) ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၁၉ ဦး ၊ အခြားဝန်ကြီး ဌာနများမှ သင်တန်းသား ၄၄ ဦး၊ စုစုပေါင်း ၆၃ ဦးကို ဩဂုတ်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ သင်တန်းကာလ (၄) လကြာဖွင့်လှစ်မည်ဖြစ်ပါသည်။ အပိုင်း (၂) သင်တန်း အောင်မြင်သူများအနေဖြင့် အပိုင်း(၃) သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပြီး အပိုင်း (၃) သင်တန်း အထိ အောင်မြင်ပြီးမြောက်သူများအား ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ခဲ့ကြသည်။
Newspaper - 3491 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
