(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ရယူဆွတ်ခူးပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်


Ministry of Information/ Naypyitaw / February 11, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ရယူဆွတ်ခူးပေးခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် အားကစားဆောင်ပုဒ်နှင့်အညီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် မိမိတို့တွင်ရှိသည့် စွမ်းအားကိုယ်စီကိုအသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသည့် ဆုရအားကစားသမားများ၊ ပြိုင်ပွဲတွင် အကောင်းဆုံးလမ်းညွှန်မှုပေးခဲ့ကြသည့် နည်းပြများနှင့် အသင်းအုပ်ချုပ်သူအဖွဲ့ဝင်များအားလုံးကို မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူသည်ကို ဦးစွာအသိပေးပြောကြားလိုကြောင်း။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် တပ်မတော်သား ၁ ဦး ပါဝင်သည့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အသင်းလိုက်ရွှေတံဆိပ် ၁ ခု ရရှိခဲ့ကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မိမိတို့နိုင်ငံအနေဖြင့် အားကစားနည်း ၃၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် တပ်မတော်သားအားကစားသမားများက အားကစားနည်း ၄ မျိုးတွင် ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၅ ခုရရှိအောင် ပါဝင်စွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ တပ်မတော်သား နည်းပြများအနေဖြင့်လည်း လှေလှော်၊ အလေးမ၊ လက်ဝှေ့၊ ဝူရှူး၊ နပန်း စသည့် အားကစားနည်းများတွင် ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁၀ ခုရရှိအောင် စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

ထို့အပြင် ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်လည်း အားကစားနည်း ၁၉ မျိုး ထည့်သွင်းကျင်းပခဲ့သည့်အနက် တပ်မတော်သားအားကစားသမားများသည် ပြေးခုန်ပစ်၊ ထိုင်လျက် ဘော်လီဘော၊ ဘောလုံး၊ ဂိုးလ်ဘောအားကစားနည်းများတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၃ ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အားကစားသမားများနည်းတူ တပ်မတော်သားနည်းပြများကလည်း ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၄ ခု ရရှိအောင် စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဆုတံဆိပ်များ ရရှိခဲ့ကြခြင်းသည် နိုင်ငံတော်အတွက်သာမက တပ်မတော်အတွက်ပါ ဂုဏ်ယူစရာကောင်းလှသည့် စွမ်းဆောင်မှုများပင်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်သူများအနေဖြင့် ကာယအား၊ ဉာဏအားတို့ကို အသုံးချပြီး အကောင်းဆုံးကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသကဲ့သို့ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများသည်လည်း မသန်ပေမဲ့စွမ်းကြသူများဖြစ်သည်ကို အကောင်းဆုံးသက်သေပြနိုင်ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲနှစ်ရပ်စလုံးကို လေ့လာကြည့်သည့်အခါ တစ်ဦးချင်းပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသကဲ့သို့ အဖွဲ့လိုက် ပေါင်းစည်းယှဉ်ပြိုင်ကြရသည့် အားကစားနည်းများတွင်လည်း ဆုတံဆိပ်များရရှိခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့လူမျိုး၏စည်းလုံးမှု အခြေခံစိတ်ဓာတ်သည် တစ်ဦးချင်းမှစပြီး အသင်းအဖွဲ့ထိမြဲမြံခိုင်မာနေခြင်းကို ပေါ်လွင်စေလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ အားကစားသမိုင်းမှတ်တမ်းသည် တစ်ချိန်ကအာရှအဆင့်သာမက ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို တွေ့ရှိနိုင်ကြောင်း၊ မြန်မာ့အားကစားအောင်မြင်မှု အခန်းကဏ္ဍကို လေ့လာကြည့်ပါက တပ်မတော်သားများ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ချက်သမိုင်းပုံရိပ်များသည်လည်း ပြည်တွင်းမှာသာမက ထင်ထင်ရှားရှားရှိနေဆဲပင်ဖြစ်ကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင်ပါအောင်မြင်မှုများစွာရရှိခဲ့သည့် တပ်မတော်သားများ၏ သမိုင်းမှတ်တမ်းကောင်းများကို ယနေ့ထက်တိုင် မော်ကွန်းရေးထိုးထားလျက်ရှိကြောင်း၊ တစ်ချိန်က မြန်မာ့ဘောလုံးအသင်း၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများတွင် ပါဝင်ခဲ့သည့် တပ်မတော်သားများ၏ အစွမ်းအစများသည် ယနေ့ထက်တိုင် ဂုဏ်ယူဝံ့ကြွားစွာ ပြောစမှတ်တွင်နေဆဲပင်ဖြစ်ကြောင်း။

အားကစားမှပေးသည့် “အနိုင်မခံအရှုံးမပေး” စိတ်ဓာတ်သည် နိုင်ငံတော်တည်ဆောက်ရေးနှင့်ပါ ဆက်စပ်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မိမိကိုယ်ကိုအရှုံးမပေးခြင်း၊ မိမိအသင်းကိုအရှုံးမပေးခြင်းသည် မိမိတို့၏ဂုဏ်သိက္ခာကို ကာကွယ်ခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ပုံရိပ်ကို မကျဆင်းအောင် ထိန်းသိမ်းပေးခြင်းလည်းဖြစ်ကြောင်း၊ အားကစားသမားများသာမက နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် အသိတရားများ ကိန်းအောင်းနေကြရန်လိုအပ်ကြောင်း၊ ၎င်းကဲ့သို့အသိတရားများ နိုင်ငံသားတိုင်း၏ရင်ထဲတွင် ရှင်သန်နေကြမှသာ မိမိတို့နိုင်ငံတော်ကို ပျက်စီးရာ၊ ပျက်စီးကြောင်း ဖန်တီးလာကြမည့် အန္တရာယ်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း။

ယနေ့အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများအပြင် အဆင့်တိုးမြှင့်ပေးခြင်းများဖြင့်ပါ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသည့် မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နောင်လာမည့် မျိုးဆက်သစ်အားကစားသမားများအတွက်လည်း စံနမူနာကောင်းများ ပြသပေးခြင်းဖြစ်သည်ကိုလည်း ပြောကြားလိုကြောင်း။

နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့သည့် တပ်မတော်သားအားကစားသမားများအတွက် နိုင်ငံတော်နှင့် တပ်မတော်က အသိအမှတ်ပြု ဂုဏ်ယူကြောင်းနှင့် အားကစားကဏ္ဍအောင်မြင်မှုဆိုသည်မှာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ သွယ်ဝိုက်ဖော်ဆောင်နေခြင်းဖြစ်သကဲ့သို့ ယခုထက်ပိုမိုအောင်မြင်အောင် ဆက်လက်ကြိုးပမ်း ဖော်ဆောင်ခြင်းဖြင့် နိုင်ငံတော်နှင့် ဂုဏ်သိက္ခာကိုမြှင့်တင်ပေးကြရန် တပ်မတော်၏ ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များရယူဆွတ်ခူးပေးခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း (အသင်းလိုက်)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် အရာခံဗိုလ်သန့်ဇင်ဦး၊ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ်(လှံတံပစ်) (တစ်ဦးချင်း) ပြိုင်ပွဲနှင့် (သံလုံးပစ်)(တစ်ဦးချင်း)ပြိုင်ပွဲတို့၌ ရွှေတံဆိပ်ဆုများရရှိခဲ့သည့် အရာခံဗိုလ် တင်ညို၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံး(ကွင်းသွင်း)(အသင်းလိုက်)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် အောင်ဇော်၊ တပ်ကြပ်/၁၃ ကျော်ဇေယျာဝင်း၊ ဒုတိယတပ်ကြပ် စိုးပိုင်ဦး၊ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၌ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများရရှိအောင် နည်းပြပေးနိုင်ခဲ့သည့် ဒုတိယအရာခံဗိုလ် သက်ဝင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တစ်ဦးချင်းပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ ပြေးခုန်ပစ်(မီတာ ၂၀၀)(တစ်ဦးချင်း) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၁၀၀)(တစ်ဦးချင်း)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုတို့ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် စိုးပေ၊ ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ကြီး ရဲမင်းစိုး၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နပန်း(တစ်ဦးချင်း)ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သည့် အရပ်သားအစားခန့်ဝန်ထမ်း မသဲသိမ့်သိမ့်သူ၊ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၌ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများရရှိအောင် နည်းပြပေးနိုင်ခဲ့သည့် အုပ်ခွဲတပ်ကြပ်ကြီး/၅၂ အောင်သူထွန်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တစ်ဦးချင်းပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများက နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများကိုယ်စား ဒုတိယအရာခံဗိုလ် စိုးပေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား အားကစားသမားများနှင့် နည်းပြများအား လက်ဖက်ရည်ဝိုင်းဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ဂုဏ်ပြုဧည့်ခံဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3438 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download