(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ
Ministry of Information/ Naypyitaw / March 05, 2026
နေပြည်တော် မတ် ၄
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တပ်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ)များ၊ သူနာပြု/ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ရုရှားနိုင်ငံမှ ဆေးပညာရှင်များ၊ ထိုင်းဘုရင့်တပ်မတော်ဆေးတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံဆေးတပ်ဖွဲ့၊ လာအိုနိုင်ငံဆေးတပ်ဖွဲ့၊ ဘူတန်နိုင်ငံဆေးတပ်ဖွဲ့နှင့် အိန္ဒိယနိုင်ငံတို့မှ အရပ်ဘက်ဆေးပညာရှင်များ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ဦးစွာ (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်က အဖွင့်အမှာ စကားပြောကြားကာ ဖွင့်လှစ်ပေးသည်။
ထို့နောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသော သုတေသနပိုစတာများအား လှည့်လည်ကြည့်ရှုသည်။
(၃၁)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၏ ဦးတည်ချက်မှာ “အခက်အခဲများပြားသည့်ကာလ စစ်မြေပြင်ဆေးအကာ အကွယ်ပေးမှုတွင် မဟာဗျူဟာမြောက် စီမံခန့်ခွဲခြင်း”ဖြစ်ပြီး အဆိုပါအခမ်းအနားကို ယနေ့မှ မတ် ၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပထမနေ့ အစီအစဉ်များကို ဆက်လက်ကျင်းပရာ Symposium of the Conference အဖြစ် “ စစ်မြေပြင် ထိခိုက်ဒဏ်ရာ စီမံခန့်ခွဲမှုတွင် တိုက်ပွဲဝင် အသင့်ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းများ” ကိုလည်းကောင်း၊ Symposium များအဖြစ် “သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့၏ အခန်းကဏ္ဍ” ၊ “ဆေးလက်ထောက်များအတွက် စစ်မြေပြင်ထိခိုက်ဒဏ်ရာရသူများအား ပြုစုစောင့်ရှောက်မှုဆိုင်ရာ လေ့ကျင့်ရေး”၊ “ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတွင် စစ်မြေပြင်ထိခိုက်ဒဏ်ရာရသူများ ပြုစုစောင့်ရှောက်မှုဆိုင်ရာ အတွေ့အကြုံများအား ပြန်လည်မျှဝေခြင်း ” ၊ “ တပ်မတော်ဆေးရုံများတွင် ဥပဒေရေးရာ ဆေးပညာဆိုင်ရာ အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းခြင်း”၊ “အမျိုးသမီး ကင်ဆာရောဂါများ ကုသမှု အရည်အသွေးမြင့်မားရေးအတွက် ပြောင်းလဲလာသော လက်တွေ့ကုထုံးဆိုင်ရာများကို လေ့လာ ခြင်း”၊ “ကျောက်ကပ်အစားထိုးကုသရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများ”၊ “တပ်မတော် ဆေးသုတေသနတပ်၏ ဆေးဘက်ဆိုင်ရာ သမိုင်းစဉ်မှတ်တမ်း”၊ “ပိုးသတ်ဆေးယဉ်ပါးမှုဆိုင်ရာ အခြေအနေများနှင့် စိန်ခေါ်မှုများ” စသည့်ခေါင်းစဉ်များနှင့် Special Talk တစ်ခုတို့ကို ဆွေးနွေးခဲ့ကြ သည်။
၎င်းအပြင် သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ အဏုဇီဝဗေဒ၊ သူနာပြုပညာ စသည့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း ၃၂ စောင်တို့ကို ပါဝင်ဖတ်ကြား တင်သွင်းကြသည်။
နှီးနှောဖလှယ်ပွဲသို့ တပ်မတော် ဆေးရုံ/ ဆေးတပ်ရင်းတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ) နှင့် သူနာပြု/ ကျွမ်းကျင် သူ စုစုပေါင်း ၄၈၈ ဦး တက်ရောက်ခဲ့ပြီး အွန်လိုင်းမှ စုစုပေါင်း ၁၅၁ ဦး တက်ရောက်ကြသည်။
ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်သည် ယနေ့ နေ့လယ်ပိုင်းတွင် (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသော ရုရှားနိုင်ငံမှ Professor Ekaterina Sergeevna Marchenko ဦးဆောင်သောအဖွဲ့၊ ထိုင်းဘုရင့်တပ်မတော် ဆေးတပ်ဖွဲ့မှ Col. Kathawoot Deepreecha ဦးဆောင်သောအဖွဲ့၊ ဗီယက်နမ် တပ်မတော်ဆေးတပ်ဖွဲ့မှ Senior Col. Tran Duy Hung ဦးဆောင်သောအဖွဲ့၊ လာအိုတပ်မတော် ဆေးတပ်ဖွဲ့မှ Col. Dr. Phouvilay Phounsavath ဦးဆောင်သောအဖွဲ့၊ ဘူတန်တပ်မတော် ဆေးတပ်ဖွဲ့မှ Col. Dr. Tashi Tenzin ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံမှ Dr. K. M. Mandana ဦးဆောင်သောအဖွဲ့တို့အား အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ရှိ ဧည့်ခန်းမတွင် အသီးသီးတွေ့ဆုံ၍ နှစ်နိုင်ငံဆေးပညာရပ်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
