(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ရွေးချယ်ခံရသည့် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်


Ministry of Information/ Naypyitaw / November 11, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၁၀

၂၀၂၅ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ရွေးချယ်ခံရသည့် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်သည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ထောက်ပံ့ချီးမြှင့်ငွေကျပ် သိန်း ၁၀၀၀ တိတိကိုပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး(အပေါ်ယာပုံ) (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ ရွေးချယ်ခံရသည့် အုပ်ချုပ်သူ/ နည်းပြ၊ အားကစားသမားများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း ၁၃၆၅၀၀၀၀၀ ကို ပေးအပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၈၀၀ အပြေးနှင့် လှံတံပစ်အားကစားနည်းတို့၏ လက်ရည်စမ်း စံချိန်ဆန်းစစ်နေမှုများကို ကြည့်ရှုအားပေးပြီး (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွှေစံချိန်များ ထက်သာလွန်ကောင်းမွန်သည့် စံချိန်များရရှိခဲ့သည့် အားကစားသမားများအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ တိုက်ကွမ်ဒိုအားကစားရုံတွင် တိုက်ကွမ်ဒိုအားကစားသမားများ၏ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအမျိုးအစားအလိုက် Mix Team အသင်းလိုက်ကကွက်၊ အတိုက်ကကွက်၊ တစ်ဦးချင်းကကွက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

အစွမ်းကုန်ကြိုးစားအားထုတ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁)တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ ကိုယ်စားပြု ISPE ဘောလုံး အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်မီ လက်ရွေးစင်ဘောလုံး အသင်းများနှင့်ယှဉ်ပြိုင်၍ အတွေ့အကြုံများရရှိပြီး ခြေစွမ်းများမြှင့်တင်၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထိုက်သင့်သည့် အောင်မြင်မှုများရရှိစေရန်အတွက် သက်ဆိုင်ရာ အားကစားနည်းစနစ်များ၊ ကစားပုံ၊ ကစားကွက်များပြောင်းပြီး ခံစစ်စနစ်မှတိုက်စစ်စနစ်အဖြစ် ပြောင်းလဲကစားနိုင်အောင် ကြိုးစားကြရန်လိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း မြင့်တက်စေရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဘောလုံးအားကစားနည်းဖြင့် မြှင့်တင်နိုင်သူများဖြစ်ပြီး ထိုက်တန်သည့် အောင်မြင်မှုများရရှိစေရေးအတွက် အစွမ်းကုန်ကြိုးစားအားထုတ်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3345 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download