(၈၁) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး RCC (၄) ထပ် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / April 09, 2026


(၈၁) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး RCC (၄) ထပ် အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ် (၂၄) ရက်နေ့ နံနက် ၈:၃၀ နာရီတွင် ကျင်းပရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်နှင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရုံးအဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်တို့က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအကအဖွဲ့၊ တိုးနယားအကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်း အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးပေးခဲ့ကြသည်။

ထို့နောက် သင်တန်းခန်းမတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန် စေရေးထိန်းကျောင်းပေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏ဘဏ္ဍာရန်ပုံငွေ စီမံခန့်ခွဲမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ဦးတည်လျက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပါကြာင်း၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်း တွင်ဖွင့်လှစ်လျက်ရှိရာ ယခုဆောက်လုပ်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး (၉၇ ပေ x ၇၂ ပေ) RCC (၄) ထပ် အဆောက်အဦကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ‌ငွေ စုစုပေါင်း ကျပ်သန်း ၂,၀၈၉.၉၀၂ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့ (၁၁) သို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ ပါကြောင်းနှင့် ရုံးအဆောက်အဦးကို ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးသစ်ကြီးကို အောင်မြင်စည်ကားစွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သဘာဝသယံဇာတ အရင်း အမြစ်များကို အကျိုးရှိစွာအသုံးပြုနိုင်မှု၊ ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများသည် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ကာကွယ်မြှင့်တင်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ်ရပ်တည်နိုင်ရန် စစ်ဆေးရေးလုပ်ငန်းများ ကို အရည်အသွေးပြည့်မီစွာ ထိရောက်အကျိုးရှိစွာနှင့် စစ်ဆေးရေးလုပ်ငန်းဆိုင်ရာများ ပိုမို တိုးတက်မှုရှိအောင် စာရင်းစစ်ရုံးအဆင့်ဆင့်မှ ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုဆောက်လုပ်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးကို (၄) ထပ် ဆောက်လုပ်ထားပြီး သင်တန်းခန်းမနှင့် အစည်းအဝေးခန်းမများကိုလည်း ထည့်သွင်းဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ စစ်ဆေးရေးလုပ်ငန်းခွင်ကျွမ်းကျင်မှု မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များမှ ဝန်ထမ်းများအတွက်လိုအပ်သည့် စာရင်းရေးစာရင်းကိုင်ပညာရပ်များကို သင်ကြားပေး မည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် စစ်ဆေးရေးလုပ်ငန်းတာဝန်များကို တက်ညီလက်ညီနှင့် အရည်အသွေးပြည့်ဝပြီး ထိရောက်အကျိုးရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြား ခဲ့သည်။

ထို့နောက် အဆောက်အဦအထူးအဖွဲ့(၁၁)မှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆန်းထွန်းက အဆောက်အဦသစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည် နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးမြင့်မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရုံးအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

Newspaper - 3495 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download