(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် နေပြည်တော်ရှိ အထင်ကရနေရာများကို သွားရောက်ဖူးမြော်လေ့လာ
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် နေပြည်တော်ရှိ အထင်ကရနေရာများကို သွားရောက်ဖူးမြော်လေ့လာ
Ministry of Information/ Naypyitaw / March 15, 2026
နေပြည်တော် မတ် ၁၅
(၈၁) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များသည် အဖွဲ့ ၂ ဖွဲ့ခွဲ၍ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။
ထို့ပြင် အဆိုပါစစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များသည် အမျိုးသားပြတိုက် (နေပြည်တော်) ရှိ ပြခန်းများကို သွားရောက်လေ့လာခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့များသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) ရှိ ခေတ်အဆက်ဆက်မှ အသုံးပြုခဲ့သော သမိုင်းဝင်လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းပြကွက်များကို သွားရောက်လေ့လာကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် လေ့လာရေးအဖွဲ့များသည် သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ ရောက်ရှိကြပြီး ကျဆုံးလေပြီးသော တပ်မတော်သားသူရဲကောင်းများအား ဂါရဝပြုအလေးပြုကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။
Newspaper - 3470 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
