EV နည်းပညာအရွေ့နှင့်အတူ ဆန်းသစ်တီထွင်မှုများ လိုက်ပါနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ Hybridစနစ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံ လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၅)သို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီးက EV သုံးစွဲမှုမြင့်တက်လာသည်နှင့်အညီ ပြည်သူတို့ ဘေးအန္တရာယ် ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်‌ရေး အသိပညာနည်းပညာ ဖြန့်ဝေမှုများဆောင်ရွက်လျက်ရှိသည့်အပြင် EV Battery စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူတို့အပေါ် ဆိုးကျိုးသက်ရောက်မှု လျှော့ချနိုင်ရေး၊ Circular Economy Waste Management စနစ်ဖွံ့ဖြိုးလာပြီး နိုင်ငံရေရှည်အကျိုးဖြစ်ထွန်းရေး ရည်မှန်းကာ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ(မူကြမ်း)ကို ဌာနများ၊ ပြင်ပ EV အဖွဲ့အစည်းများ၊ EV Stakeholders အားလုံးထံမှ သဘောထားနှင့် အကြံဉာဏ်များရယူကာ သတ္တမမူကြမ်းအထိ ရေးဆွဲခဲ့ပြီး ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ၏ သဘောထားမှတ်ချက်များဖြင့် ပြင်ဆင်ဖြည့်စွက်ထားသော နောက်ဆုံးမူကြမ်းကို အတည်ပြုနိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူဝါဒ(မူကြမ်း)ပေါ်ထွက်လာရေးအတွက် ၂၀၂၃ ခုနှစ်မှစ၍ လက်ရှိကာလ အထိ မူကြမ်းများအဆင့်ဆင့် ပြင်ဆင်ဖြည့်စွက်လာသည်များကို ရှင်းလင်းတင်ပြပြီး မူဝါဒ(မူကြမ်း)ရေးဆွဲရေးအဖွဲ့ဝင်များနှင့် ပြင်ပ EV အဖွဲ့အစည်းများမှ တက်ရောက်လာသူများက အကြံပြု ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့က ပြသထားသော EV Application နှင့် ဘက်ထရီဆိုင်ရာ သုတေသန ပြကွက်တို့ကို ကြည့်ရှုအားပေးပြီး EV သုံးစွဲသည့် ပြည်သူတို့နှင့် EV လုပ်ငန်းရှင်များအတွက် လက်တွေ့ ကျကျ ပံ့ပိုးပေးနိုင်သည့် သုတေသနများ အလေးထားဆောင်ရွက်ရန်၊ EV နည်းပညာအရွေ့နှင့်အတူ မိမိတို့၏ ဆန်းသစ်တီထွင်မှုများ လိုက်ပါနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3358 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download