MSME ထုတ်ကုန်ပြပွဲ နောက်ဆုံးနေ့၌ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ MSME လုပ်ငန်းရှင်များနှင့် ရပ်ဝေးရပ်နီးမှ ပြည်သူများ အများအပြား လာရောက်ကြည့်ရှုလေ့လာ
MSME ထုတ်ကုန်ပြပွဲ နောက်ဆုံးနေ့၌ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ MSME လုပ်ငန်းရှင်များနှင့် ရပ်ဝေးရပ်နီးမှ ပြည်သူများ အများအပြား လာရောက်ကြည့်ရှုလေ့လာ
Ministry of Information/ Naypyitaw / February 15, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၄
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်၌ ကျင်းပလျက်ရှိရာ ယနေ့ပြပွဲ နောက်ဆုံးနေ့ဖြစ်သည့်အတွက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ MSME လုပ်ငန်းရှင်များနှင့် ရပ်ဝေးရပ်နီးမှ ပြည်သူများ အများအပြား လာရောက်ကြည့်ရှုလေ့လာကြသည်။
စိတ်ပါဝင်စားစွာ ဝယ်ယူ
ယနေ့ ပြပွဲနောက်ဆုံးနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံလက်ကျန်များကို ဈေးနှုန်းအနည်းငယ် ထပ်မံလျှော့ချကာ ရောင်းချပေးခဲ့ကြသည့်အတွက် ပြည်သူများ စိတ်ပါဝင်စားစွာ ရွေးချယ်ဝယ်ယူကြ သည်ကို တွေ့ရသည်။
ပြခန်းများရှိ MSME ထုတ်ကုန်များကို ထုတ်လုပ်သူလုပ်ငန်းရှင်များက ဝယ်ယူသူပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့်အတွက် ထွက်ကုန်ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းချခဲ့ရကြောင်း ပြခန်းတာဝန်ရှိသူများထံမှ သိရသည်၊၊
ထို့အတူ ပြပွဲနောက်ဆုံးနေ့ဖြစ်သည့်အတွက် လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (Business Matching) ပြခန်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် ပြခန်းများ၌ လေ့လာသူ၊ လုပ်ငန်းချိတ်ဆက်ဆောင်ရွက်သူများဖြင့် စည်ကားခဲ့သည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချခဲ့ကြသည်၊၊
မင်းကျော်စွာ
ဓာတ်ပုံ-ဖိုးပြည့်စုံ
Newspaper - 3471 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
