Naypyitaw State Academy တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား ကျင်းပ
Naypyitaw State Academy တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / November 10, 2024
နေပြည်တော် နိုဝင်ဘာ ၉
Naypyitaw State Academy ကို “ ပညာရှင်များ မွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” ဖြစ်လာရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပြီး စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တက်ရောက်
Naypyitaw State Academy တည်ထောင်ခြင်း နှစ်နှစ်ပြည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဘက်စုံပညာရပ်များဖြန့်ဝေ
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy ကို စတင်ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မဟာဌာနကြီး လေးခု၊ အထူးပြုဘာသာရပ် ၁၂ ခုတွင် ကျောင်းသား ကျောင်းသူ ၁၂၆ ဦးကို လက်ခံသင်ကြားခဲ့ရာမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မဟာဌာနကြီး ခုနစ်ခု၊ အထူးပြုဘာသာရပ်၂၀တွင် ကျောင်းသား ကျောင်းသူ ၁၅၀၀ ခန့်ဖြင့် ဘက်စုံပညာရပ်များ ဖြန့်ဝေရာ ပညာရပ်ဝန်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ Naypyitaw State Academy တွင် အရည်အသွေးရှိသော သင်ကြားသင်ယူမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ ကိုယ်ကာယကြံ့ခိုင်မှုပစ္စည်းများ၊ ရည်ညွှန်းစာအုပ်များ၊ Internet Access နှင့် e-library တို့ကို ဖြည့်ဆည်းပေးထားသည့်အပြင် ဘွဲ့နှင်းသဘင်ခန်းမ၊ ကျောင်းသားအိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာများကို ဖြည့်ဆည်းတည်ဆောက်လျက်ရှိပါကြောင်း၊ Naypyitaw State Academy ၏ ခန့်ညားထည်ဝါသော ဂုဏ်သတင်းကို အားလုံးထိန်းသိမ်းမြှင့်တင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Naypyitaw State Academy ၏ ဆရာ ဆရာမများ၊ ဝန်ထမ်းများကို အမှတ်တရကံစမ်းမဲများ ဖောက်ပေးကြသည်။
ယင်းနောက် သုတေသနစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပပြီး စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3032 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download