PDF အမည်ခံအကြမ်းဖက်သမားများက ဆင်ဖြူကျွန်းမြို၊ နွယ်တမယ်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်က အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်
PDF အမည်ခံအကြမ်းဖက်သမားများက ဆင်ဖြူကျွန်းမြို၊ နွယ်တမယ်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်က အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်
Ministry of Information/ Naypyitaw / January 11, 2026
နေပြည်တော် ဇန်နဝါရီ ၁၁
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည့်အပြင် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူလူထုက လိုလားလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး ၎င်းတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်လုပ်ဆောင်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ၏ အထောက်အပံ့ကိုရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှမ်းကွာဝေးသည့်ဒေသများ၌ ဒေသခံလူထုအားအနိုင်ကျင့်ခြိမ်းခြောက်၍ ဘုရားစေတီပုထိုးများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများနှင့် လူနေအိမ်များတွင် သဲအိတ်ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးခြင်း၊ ပတ်ဝန်းကျင်၌ လက်လုပ်မိုင်းအတားအဆီးများ ထောင်ထားခြင်းများနှင့် ရဟန်းသံဃာများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာ၍ အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ်အသုံးချခြင်း တို့ကိုပါ လုပ်ဆောင်လျက်ရှိကြသည်။
ထိုသို့နိုင်ငံတော်နှင့်ပြည်သူအပေါ် ယုတ်မာရိုင်းစိုင်းစွာ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်နေကြသည့် အကြမ်းဖက်သမားများအား တပ်မတော်က အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Torrorism Operation)ဖြင့် ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ကျေးရွာအား ဇန်နဝါရီ ၁၀ ရက်တွင် တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၁၁ ရက်တွင် နွယ်တမယ်ကျေးရွာအား တပ်မတော်ကနယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းမှ အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ လက်ဗစ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း ၁၁ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၅ လုံး၊ ပြောက်ကျားယူနီဖောင်း ၄ စုံ၊ စကားပြောစက် ၃ လုံးနှင့် အကြမ်းဖက်တံဆိပ်ဘတ် ၁ စုံတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် အကြမ်းဖက်သမားများသည် ကျေးရွာရှိဘုရားစေတီပုထိုးများ၊ တံတားဦးဘုန်းတော်ကြီးကျောင်း၊ ပဒေသာဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းနှင့် ခြံဝန်းများအတွင်း၌ အခြေပြု၍ ဘန်ကာများ၊ သဲအိတ်များ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာခံစစ်တည်ဆောက်ပြီး ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများ၊ တန်ဆောင်းများနှင့် စာသင်ကျောင်းများကို အကာအကွယ်ရယူ၍ ခုခံတိုက်ခိုက်ခြင်း၊ ကျေးရွာတံတားအား ဖောက်ခွဲဖျက်ဆီးပြီး အကာအကွယ်ပြုလုပ်ထားခြင်း၊ ဘုန်းတော်ကြီးကျောင်းဝန်းများနှင့် ကျေးရွာလမ်းများ၌ လက်လုပ်မိုင်းများထောင်ထားခြင်းတို့ လုပ်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ကျေးရွာအတွင်း၌ လက်လုပ်မိုင်းအန္တရာယ်ကင်းဝေးစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများသည် နိုင်ငံတစ်နိုင်ငံအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍတို့ ပျက်စီးစေရန်ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်း၊ တံတားများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများအား အဓိကထား ဖောက်ခွဲဖျက်ဆီးခြင်း၊ အဆိုပါနေရာများသာမက ပြည်သူများအထွဋ်အမြတ်ထားရာ ဘာသာတရား အသီးသီးအတွက် အလေးအမြတ်ထားရာနေရာများဖြစ်သည့် ဘာသာရေး အဆောက်အအုံများအထိပါ ဘန်ကာများတည်ဆောက်၍ အကာအကွယ်အဖြစ် ခုခံတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့သည့် ဒေသခံတိုင်းရင်းသားပြည်သူများကလည်း တပ်မတော်အပေါ် ယုံကြည်ကိုးစားမှု၊ စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ ပြုလုပ်လာကြကြောင်းနှင့် တပ်မတော်အနေဖြင့်လည်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားမှုများ ပြန်လည်ရရှိစေရေးအတွက် ပြည်သူလူထုနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3408 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
