Vape နှင့် လမ်းခွဲ


Ministry of Information/ Naypyitaw / February 23, 2026
image_latest


Vape ဟူ၍ လူသိများကြသည့် e- Cigarette ကို ဆေးလိပ် ဖြတ်ရန်အတွက် အစားထိုးပစ္စည်းအဖြစ် မူလကရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်တီထွင်ထုတ်လုပ်လိုက်သည့် အဆိုပါပစ္စည်းသည် ဆယ်စုနှစ်တစ်ခုကျော်မျှကာလအတွင်း ကမ္ဘာတစ်ခွင်ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူများ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ ယခုအခါ ခေတ်မီဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် အီး-စီးကရက်ကို လူငယ်လူရွယ်များအတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသလို ဆေးလိပ်စွဲသကဲ့သို့ စွဲလမ်းမှုများ၊ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာသည့် အထောက်အထားများလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။

မကြာသေးမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတိပေးချက်တစ်ရပ်အရ ကမ္ဘာတစ်ဝန်းလုံးတွင် အီး-စီးကရက် သုံးစွဲသူ စုစုပေါင်း သန်း ၁၀၀ ကျော်ခန့်ရှိနေပြီး ယင်းတို့ထဲတွင် ကလေးငယ် လူဦးရေ ၁၅ သန်းထက်မနည်း ပါဝင်လျက်ရှိရာ နီကိုတင်းစွဲလမ်းမှု လှိုင်းသစ်တစ်ခုဖြစ်ပေါ်လာစေရန် လောင်စာထည့်ပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာတစ်ဝန်း လေ့လာချက်များအရ ကလေးများသည် အရွယ်ရောက်ပြီးသူများထက် Vape သောက်သုံးနိုင်ခြေပျမ်းမျှအားဖြင့် ကိုးဆပို၍များသည်ဟု သိရသည်။ Vape ခေါ် အီး-စီးကရက်သည် နီကိုတင်းကို ရှူရှိုက်နိုင်ရန် အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးခြင်းပင်ဖြစ်ရာ ကလေးများ Vape သုံးစွဲခြင်းဖြင့် ငယ်စဉ်ကတည်းကပင် နီကိုတင်းစွဲလမ်းမှုဖြစ်စေပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေနိုင်သည်။

နိုင်ငံအများအပြားတွင် အီး-စီးကရက်နှင့် Vaping ထုတ်ကုန်များ ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားပြီး ဒဏ်ငွေများစွာရိုက်ခြင်း၊ ထောင်ချခြင်းတို့အပါအဝင် တင်းကျပ်သည့် ပြစ်ဒဏ်များကို ချမှတ်လျက်ရှိသည်။ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် နိုင်ငံများမှာ အာရှတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မြောက်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်းတွင် ကာတာ၊ အိုမန်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ဘရာဇီး၊ မက္ကဆီကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပနားမား၊ နီကာရာဂွါ၊ ဆူရီနမ်၊ ဗင်နီဇွဲလား၊ အာဖရိကတွင် အီသီယိုး ပီးယား၊ ဂမ်ဘီယာ၊ မောရစ်သျှ၊ ယူဂန္ဓာ၊ အခြားဒေသများအဖြစ် သြစတြေးလျ၊ နော်ဝေ၊ တူကီယဲနိုင်ငံတို့ပါဝင်သည်။

လက်ရှိအခြေအနေတွင် အီး-စီးကရက် သုံးစွဲခြင်းသည် ဆေးလိပ်သောက်ခြင်းကို အစားထိုးခြင်း မဟုတ်တော့ဘဲ နီကိုတင်းရောစပ်ထားသည့် အခြားဓာတုပစ္စည်းများကို စွဲလမ်းလာခြင်း ဖြစ်လာသည်။ အီး-စီးကရက်တွင် ထည့်သွင်းအသုံးပြုသည့် အငွေ့ပျံနိုင်သည့် အရည် (aerosal) ကို အဆိပ်သင့်စေသည့် ဓာတုပစ္စည်းများ (Toxic Chemicals) နှင့် ပေါင်းစပ်၍ အသုံးပြုသူများကို ဆွဲဆောင်နိုင်ရန် အရောင်၊ အနံ့၊ အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ရာ မိန်းကလေးများနှင့် အရွယ်မရောက် သေးသူ ကလေးများပါ စိတ်ဝင်စားဖွယ်ရာ၊ အကြိုက်တွေ့ဖွယ်ရာများ ဖြစ်နေသည်။ အီး-စီးကရက် ကိရိယာလေးများမှာလည်း လှပဆန်းသစ်သည့် ပုံစံများ၊ အရောင်အသွေးများဖြင့် ထုတ်လုပ် ရောင်းချနေခြင်းဖြစ်ရာ Vape သုံးစွဲမှ ခေတ်မီသည်ဟူသော အထင်ကိုပါ ရောက်စေသည်။ မိမိတို့နိုင်ငံတွင် Vape သုံးစွဲမှု၊ တင်သွင်းရောင်းချမှုတို့နှင့် စပ်လျဉ်း၍ ကိန်းဂဏန်းအချက်အလက်များ တိကျစွာ မတွေ့ရှိရသော်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ကြီးများ၊ နယ်မြို့များ၌ပါ ဝယ်ယူရရှိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၈/ ၂၀၂၆ ကို ထုတ်ပြန်၍ အီး-စီးကရက်၊ အီး-စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အပူပေးအငွေ့ရှူစက် (Heated smoking Device)၊ ယင်းကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်နစ် အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရွန်နစ်ရှိရှား (Electronic Shisha)၊ ယင်းအီလက်ထရွန်နစ်ရှိရှားကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ၎င်းကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းတို့မပြုရန် တားမြစ်လိုက်ပြီဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ ကျူးလွန်မိကြပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံကြရမည်ဖြစ်ရာ လက်ရှိရောင်းဝယ်၊ သိုလှောင်၊ သုံးစွဲနေကြသူများ အမှတ်တမဲ့မကျူးလွန်မိကြစေရေး သတိထားလိုက်နာကြရန်နှင့် မိမိတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် Vape နှင့် လမ်းခွဲကြရန် အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။

Newspaper - 3450 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download