News

8013 Latest News

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

Posted on November 18, 2019

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်

Posted on November 18, 2019

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သ ခန့်မှန်းချက်

မြစ်ရေအခြေအနေ

Posted on November 18, 2019

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၈.၁၁.၂၀၁၉) ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ ကို သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

နိုဝင်ဘာလ တတိယ(၁၀)ရက်ပတ် အတွက် မြစ်ရေအ‌ခြေအနေ ခန့်မှန်းချက်များ

Posted on November 18, 2019

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ တတိယ(၁၀)ရက်ပတ် အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်များကို ၁၈-၁၁-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုရလဒ် ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်ရှင် အနုပညာစွမ်းပကား

Posted on November 18, 2019

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက တိုကျိုနိုင်ငံတကာရုပ်ရှင်ပွဲတော် အပါအဝင် ဂျပန် နိုင်ငံရဲ့ ရုပ်ရှင်လုပ်ငန်းတွေကို လေ့လာရေးခရီးစဉ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်တဲ့အဖွဲ့မှာ လိုက်ပါခွင့်ရခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲနှင့် အကြမ်းဖက်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း တို့သို့ တက်ရောက်ရန် ထွက်ခွာ

Posted on November 18, 2019

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019)နှင့် တရုတ်နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် အကြမ်းဖက် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program)များသို့ တက်ရောက်ရန် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာကြ သည်။

ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ

Posted on November 17, 2019

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြဝတီနယ်စပ် အမှတ်(၂) ဂိတ်တွင် အပင်နှင့် အပင်ထွက်ပစ္စည်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း စစ်ဆေးရေးစခန်းများအား ကြည့်ရှုစစ်ဆေး

Posted on November 17, 2019

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူသည် နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက မြဝတီ ခရိုင်၊ မြဝတီမြို့နယ်ရှိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ သောင်ရင်းမြစ် ဖြတ်ကျော် မြဝတီနယ်စပ်အမှတ်(၂)ဂိတ်သို့ ရောက်ရှိကြပြီး အပင်နှင့် အပင်ထွက်ပစ္စည်း စစ်ဆေးရေးစခန်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးစခန်း၊ ရေထွက်ပစ္စည်း စစ်ဆေးရေး စခန်းများအား ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကရင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှု အားပေး

Posted on November 17, 2019

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုး၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း များ၌ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကရင် အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ ဦးဆောင်သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစု များ၏ အသက်မွေးဝမ်းကျောင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက မြဝတီခရိုင် ၊ မြဝတီမြို့နယ် ထီးလော်သေ့ကျေးရွာ စောနေစိုးမြ မွေးမြူရေးစခန်းသို့ ရောက်ရှိကြပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးသည်။