News

Latest News - 75974 items

ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ်ပယ် ၁၂ ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာသုံးသပ်မှုအစီရင်ခံစာ BPFA + 30 တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Ministry of Information / Posted on May 18, 2024

ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ်ပယ် ၁၂ ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာ သုံးသပ်မှု အစီရင်ခံစာ BPFA + 30 တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေ့စဉ်မိုးလေဝသသတင်း

Ministry of Information / Posted on May 18, 2024

နေ့စဉ်မိုးလေဝသသတင်း

ငါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြိုးပမ်း

Ministry of Information / Posted on May 18, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ငွေပင်လယ်ငါးချဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပို့ချသည့် ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၄/၂၀၂၄)သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။

မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်မှ တရုတ်ခရီးသွားများ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ လာရောက်လေ့လာကြပြီး သစ်ပင်စိုက်ပျိုးပွဲတော်တွင် အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့

Ministry of Information / Posted on May 18, 2024

မြန်မာ - တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် လိုက်ပါလာသည့် တရုတ်ခရီးသွားများသည် မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း သမိုင်းဝင်အထင်ကရဘုရားများ ဖူးမြော်လေ့လာကြပြီး သစ်ပင်စိုက်ပွဲတော်တွင် သစ်ပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြန်မာ - အိန္ဒိယ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည့် အိန္ဒိယပညာရှင်ငါးဦး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုလေ့လာ

Ministry of Information / Posted on May 18, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ်(၂၁) နေပြည်တော်၌ မေ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် မြန်မာ - အိန္ဒိယ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ကြသည့် အိန္ဒိယပညာရှင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညို လေ့လာကြသည်။

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group - APJG) မျက်နှာချင်းဆိုင် အစည်းအဝေးကျင်းပ

Ministry of Information / Posted on May 18, 2024

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးကို မေ ၁၅ ရက်မှ ၁၆ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)နှင့် လမ်းဦးစီးဌာန၊ စက်မှုဌာနခွဲရှိ စက်၊ ယာဉ်၊ ယန္တရားများ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on May 18, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံ့စီးပွားတိုးတက်ကောင်းမွန်ရေး နှောင့်နှေးပိတ်ဆို့မှုများကျော်လွှား

Ministry of Information / Posted on May 18, 2024

​​​​​​​နိုင်ငံတစ်နိုင်ငံ၏ ပထဝီနိုင်ငံရေးအခြေအနေသည် နိုင်ငံရေးအပေါ်တွင် မူတည်သည်ဟုဆိုသော်လည်း ထိုနိုင်ငံ၏ အရင်းအမြစ် သယံဇာတပစ္စည်းများအပေါ် တွင်လည်း အဓိကအကြောင်းခံပေသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုလိုနီလက်အောက် သို့ ကျရောက်ခဲ့သည့် အကြောင်းရင်းများရှိသည့်အနက် နယ်ချဲ့တို့က မြန်မာနိုင်ငံ၏တွင်းထွက် သယံဇာတပစ္စည်းများကို မျက်စိကျရာမှဖြစ်ပေါ်ခဲ့သည့် အထောက်အထားများရှိသည်။

တရားမဝင်ကုန်သွယ်မှုများ လုံးဝကင်းစင်သည်ထိတိုက်ဖျက်

Ministry of Information / Posted on May 18, 2024

​​​​​​​တရားမဝင်ကုန်သွယ်ရေးသည် ကမ္ဘာ့နိုင်ငံပေါင်းများစွာကို ခြိမ်းခြောက်လျက်ရှိသကဲ့သို့ပင် အာဆီယံဒေသတွင်း၌လည်း မြင့်တက်လျက်ရှိပြီး ကဏ္ဍများစွာတွင် ပမာဏအားဖြင့် ကြီးမားလှသည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ခိုက်နိုင်ရေးအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိမှု အမှုတွဲ ၁၂၄၃၀ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့သည်။

HOT NEWS
January 4,