Latest News - 77942 items

ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

Ministry of Information / Posted on July 03, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းနှင့်လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိပြီး နေထိုင်ရန်အခက်အခဲရှိသော အိမ်ထောင်စုအချို့အား တပ်မ(၈၈)ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်သူရနှင့်တပ်မတော်သားများ၊ နယ်မြေခံတပ်မှတပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး  ရေကြီးနစ်မြုပ်၍ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီခန့်တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်ဓမ္မပူဇနိယ(တရားအလှူပွဲ) အခမ်းအနား ကျင်းပ

Ministry of Information / Posted on July 03, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဗဟိုကကြီးမှူး၍ ဒုတိယအကြိမ် ဓမ္မပူဇနိယ (တရားအလှူပွဲ) အခမ်းအနားကို ဇွန် ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုဃ်းကောင်းစေတီတော်မြတ်ကြီးဝင်းအတွင်းရှိ အရိယာဓမ္မာရုံတော်ကြီး၌ ကျင်းပရာ ပုသိမ်မြို့ သဲအင်းဂူဝိပဿနာရိပ်သာ (ရေစွမ်း) ဆရာတော် ဘဒ္ဒန္တသီဟ (ကမ္မဌာနာစရိယ) သက်တော်ရှည် ဆရာတော်ကြီးကြွရောက်၍ တပည့်ဒါယကာ ဒါယိကာမများအား တရားရေအေးအမြိုက်ဆေး တိုက်ကျွေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

Ministry of Information / Posted on July 03, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်ကျောင်းနှင့် မိတ္ထီလာမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန်မြင့်တက်လာသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ

Ministry of Information / Posted on July 03, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန်မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်ကျေးရွာများတွင်နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချူပ်တင်မင်းလတ်၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၇) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

Ministry of Information / Posted on July 03, 2024

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါ တရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၇) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ

Ministry of Information / Posted on July 03, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တို့ပူးပေါင်း၍ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (မိတ္ထီလာ) အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထား

Ministry of Information / Posted on July 03, 2024

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးလွင်ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်အား လက်ခံတွေ့ဆုံ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးဆွေးနွေး

Ministry of Information / Posted on July 03, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်းအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဘားအံမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာစည်းဝေး

Ministry of Information / Posted on July 03, 2024

ကရင်ပြည်နယ် ဘားအံမြို့နယ် ပညာရေး ငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဘားအံမြို့ အ.ထ.က(၁) မြသံလွင်ခန်းမ၌ ကျင်းပသည်။

Newspaper - 2820 items

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download