နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာ - နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာ

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာ


နေပြည်တော်စည်ပင်သာယာရေးကော်မတီ / April 19, 2018

တည်းခိုသူများလိုက်နာရမည့် စည်းကမ်းချက်များ

၁။        နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာသည် နိုင်ငံ့၀န်ထမ်းများ နေပြည်တော်သို့လုပ်ငန်းတာ၀န်ဖြင့် လာရောက်သည့်အခါတွင် အဆင်ပြေစွာဖြင့် တည်းခိုနိုင်ရန်အတွက် နိုင်ငံတော်မှ မတည်ငွေဖြင့် ဆောက်လုပ်ပေးထားသော ဧည့်ရိပ်သာဖြစ်ပါသည်။

၂။        နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို အထူးအစီအစဉ်ဖြင့် တည်းခိုနေထိုင်ခွင့်ပြုထားပါသည်။

၃။        နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများတွင် ပါ၀င်ဆောင်ရွက်နေသူများသည် သီးခြားခွင့်ပြုချက်မရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာတွင် တည်းခိုခွင့်မပြု။

၄။        နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းရှိ အဆောက်အဦများ၊ စားသောက်ဆိုင်များတွင် လာရောက်တည်းခိုသူများကဖြစ်စေ၊ တည်းခိုသူများထံ လာရောက်တွေ့ဆုံသူများကဖြစ်စေ၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ပါတီနိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများ၊ ပါတီနိုင်ငံရေးဆိုင်ရာဆောင်ရွက်ချက်များကို ပြုလုပ်ခွင့် မပြုပါ။

၅။        နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့်သာ ဤဧည့်ရိပ်သာက တည်းခိုခွင့် ပြုပါသည်။ ၀န်ထမ်းဖြစ်ပါက ၀န်ထမ်းစိစစ်ရေးကဒ်ပြားနှင့် ခရီးသွားလာခွင့်မိန့် (M.O) ဖြင့်သာ တည်းခိုခွင့်ပြုပါသည်။ (ကြည်း၊ ရေ၊ လေ တပ်မတော်သား များအား တည်းခိုခွင့်မပြုပါ)

၆။        မွန်းတည့်ချိန်(၁၂:၀၀)နာရီချိန်မှ စတင်၍ နောက်တစ်နေ့ မွန်းတည့်ချိန်(၁၂:၀၀)နာရီချိန်အထိ (၂၄)နာရီကာလအား တည်းခိုရက်(၁)ရက် ဟု သတ်မှတ်ပါသည်။

၇။        တစ်ရက်အတွက် တည်းခိုခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)     အစိုးရဌာနဆိုင်ရာဝန်ထမ်းဧည့်သည်များ

           (၁)       သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် ရိုးရိုးအိပ်ခန်း(၁)ခန်း၈၀၀၀ကျပ်

           (၂)       သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း၁၆၀၀၀ကျပ်

( ခ )    ပြင်ပခရီးသွား ဧည့်သည်များ

           (၁)       သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် ရိုးရိုးအိပ်ခန်း(၁)ခန်း          ၁၂၀၀၀ကျပ်

           (၂)       သုံးဦးအထိအများဆုံးတည်းခိုနိုင်သည့် လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း၂၂၀၀၀ကျပ်

မှတ်ချက်။       (၁-၈-၂၀၁၆)ရက်နေ့မှစ၍ အခန်းငှားရမ်းခနှုန်းထားအပေါ် ကျသင့်သည့် ကုန်သွယ် လုပ်ငန်းခွန်(၅%)အား တည်းခိုသူများမှ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သတိပြုပါရန်။ နံနက်(၀၄:၀၀)နာရီချိန်မတိုင်မီ ရောက်ရှိတည်းခိုပါက ၎င်းနေ့ မွန်းတည့် (၁၂:၀၀) နာရီချိန်ထိ ကာလအား တစ်ရက်တည်းခိုသည့် ကာလအဖြစ် သတ်မှတ်ပါသည်။ မွန်းတည့်(၁၂:၀၀) နာရီချိန် ကျော်လွန်ပါက တည်းခိုခန်းခ(၁)ရက်စာ ထပ်မံပေး သွင်းရပါမည်။ တစ်ရက်စာ တည်းခိုခန်းခ ပေးသွင်းပြီး တည်းခိုကာလကုန်ဆုံး၍ နောက်တစ်ရက်ထပ်မံတည်းခိုလိုပါက တည်းခိုခွင့် ကုန်ဆုံးမည့်နေ့ မွန်းတည့်(၁၂:၀၀)နာရီချိန်မတိုင်မီ တည်းခိုခန်းခငွေအား ထပ်မံပေးသွင်း စေကာ ဆက်လက်တည်းခိုရန် ခွင့်ပြုပါမည်။

၈။        ဇနီးမောင်နှံများလာရောက်တည်းခိုပါက အကြင်လင်မယားဖြစ်ကြောင်း ဌာနတစ်ခုခု၏ ထောက်ခံချက်ပါရှိမှသာ အတူတည်းခိုခွင့်ပြုပါသည်။ ထောက်ခံချက်မပါရှိပါက အိပ်ခန်းတစ်ခန်းတည်းတွင် အတူတည်းခိုခွင့်ပြုမည် မဟုတ်ပါ။

၉။        အမျိုးသမီးသီးသန့် တည်းခိုဆောင်နှင့် အိပ်ခန်းအတွင်းသို့ အမျိုးသားများ ၀င်ရောက်ခွင့်မပြု။

၁၀။      တည်းခိုနေသူ အမျိုးသမီးအိပ်ခန်းအတွင်းသို့ အမျိုးသား၀င်ရောက်ခွင့်မပြု။ ဧည့်သည်ကလက်ခံသော်လည်း ဤဧည့်ရိပ်သာစည်းကမ်းအရ ခွင့်မပြုပါ။

၁၁။      တည်းခိုနေသူအမျိုးသားအိပ်ခန်းအတွင်းသို့ အမျိုးသမီး၀င်ရောက်ခွင့်မပြု။ ဧည့်သည်က လက်ခံသော်လည်း ဤဧည့်ရိပ်သာစည်းကမ်းအရ ခွင့်မပြုပါ။

၁၂။      လက်နက်ခဲယမ်းနှင့်ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊ ဥပဒေနှင့်ငြိစွန်းသောပစ္စည်းများ၊ စာရွက်စာတမ်းများ ယူဆောင်တည်းခိုခွင့်မပြုပါ။

၁၃။      နိုင်ငံတော်အစိုးရနှင့် ဆန့်ကျင်သည့်ဆောင်ရွက်ချက် ကိစ္စရပ်မှန်သမျှအား လုံး၀(လုံး၀)ဆောင်ရွက်ခွင့်မပြုပါ။

၁၄။      အိပ်ခန်းအတွင်း မူးယစ်သေစာသောက်စားခြင်း၊ လောင်းကစားခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ လုံး၀(လုံး၀)ခွင့်မပြုပါ။

၁၅။      ဧည့်လက်ခံကောင်တာတွင် တည်းခိုရန်စာရင်းပေးသွင်းပြီး တည်းခိုခွင့်ပြုထားသူမှအပ အိပ်ခန်းအတွင်းသို့ အခြားဧည့်သည်များ ၀င်ရောက် ခွင့်မပြုပါ။

၁၆။      တည်းခိုနေထိုင်စဉ်ကာလအတွင်း တည်းခိုသူ၏နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့မဟုတ်)၀န်ထမ်းစိစစ်ရေးကဒ်ပြားကို ဧည့်လက်ခံကောင်တာတွင် အပ်နှံထားရပါမည်။ လက်ရှိနေရပ်လိပ်စာကို မှန်ကန်၊ တိကျ၊ ပြည့်စုံစွာပေးရပါမည်။

၁၇။      ငွေနှင့်အခြားတန်ဖိုးရှိသည့် ပစ္စည်းများပါရှိပါက ဧည့်ရိပ်သာတာ၀န်ခံအရာရှိထံတွင် သေချာစွာအပ်နှံပါ၊ မအပ်နှံဘဲပျောက်ဆုံးမှုဖြစ်ပါက ဧည့်ရိပ်သာမှ တာ၀န်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

၁၈။      အိပ်ခန်းအတွင်းဆေးလိပ်မသောက်ရ၊ ဖယောင်းတိုင်မီးမထွန်းရ၊ မီးဘေးအန္တရာယ်ဖြစ်ပွားစေမည့် ကိစ္စရပ်များကို ရှောင်ကြဉ်ရပါမည်။

၁၉။      အမှိုက်နှင့်ကွမ်းတံတွေးများကို တည်းခိုဆောင်ရှိအမှိုက်ပုံးများတွင်သာ စနစ်တကျ စွန့်ပစ်ရပါမည်။

၂၀။      တည်းခိုသူဧည့်သည်ကြောင့် ဧည့်ရိပ်သာရှိ ပစ္စည်းပျောက်ဆုံး/ပျက်စီးခဲ့ပါက ကာလတန်ဖိုးအတိုင်းပေးလျော်ရပါမည်။

၂၁။      အပြင်သို့ထွက်ခွါပါက မိမိအခန်းသော့အား ဧည့်လက်ခံကောင်တာတွင် အပ်နှံရပါမည်။

၂၂။      အိပ်ခန်းအား ပြန်လည်မအပ်နှံမီ မိမိနှင့်အတူပါရှိသည့် ပစ္စည်းများကို သေချာစွာ စစ်ဆေး၍ ပြန်လည်ယူဆောင်သွားကြပါရန်နှင့် ကျန်ရှိခဲ့လျှင် ဧည့်ရိပ်သာမှ လုံး၀တာ၀န်မယူပါ။

၂၃။      ဧည့်သည်များသည် မိမိတည်းခိုသည့် အခန်း၌သာ တည်းခိုနေထိုင်ရမည် ဖြစ်ပြီးအခြားအိပ်ခန်းသို့ ကူးပြောင်းလည်ပတ်ခြင်း၊ တည်းခိုနေထိုင်ခြင်း လုံး၀ ခွင့်မပြုပါ။

၂၄။      ဘေးပတ်၀န်းကျင်မှ တည်းခိုနေသူဧည့်သည်များအား အနှောင့်အယှက် ဖြစ်စေမည့် ကုန်ပစ္စည်းများသိုလှောင်ခြင်း၊ ရောင်း၀ယ်ဖောက်ကားခြင်း၊ ကျယ်လောင်စွာစကားပြောခြင်း၊ သီချင်းဖွင့်/ဆိုခြင်း၊ ညစ်ညမ်းစွာဆဲရေးတိုင်း ထွာခြင်းများမပြုရပါ။

၂၅။      ကူးစက်ရောဂါရှိသူများအား တည်းခိုခွင့်မပြုပါ။

၂၆။      ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များမှ ဒေသခံများနှင့်၀န်ထမ်းများ လာရောက်တည်း ခိုခြင်းကို တည်းခိုခွင့်မပြုပါ။

၂၇။      ဧည့်သည်တော်များ၏ လုံခြုံရေးအတွက် ည(၁၁:၀၀)နာရီချိန်တွင် ဧည်ရိပ်သာ၏ခြံ၀င်းတံခါးအားပိတ်ပါမည်။

၂၈။      ဧည့်ရိပ်သာ၀န်ထမ်းများ၏ဆက်ဆံရေးမပြေပြစ်လျှင်သော်လည်းကောင်း၊ တည်းခိုနေထိုင်စဉ်ကာလအတွင်း အခက်အခဲရှိလျှင်သော်လည်းကောင်း ဧည့်ရိပ် သာ(၁)၊ ဧည့်/ငွေလက်ခံကောင်တာဖုန်းနံပါတ် (၀၆၇-၄၃၂၀၅၆)နှင့်ဧည့်ရိပ်သာ (၂)၊ ဧည့်/ငွေလက်ခံကောင်တာဖုန်းနံပါတ်(၀၆၇-၄၃၂၀၁၂)များသို့ အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

ဧည့်ရိပ်သာတွင် တည်းခိုပါက အထက်ပါစည်းကမ်းချက်(၂၈)ချက်အား သိရှိနားလည်သဘောတူပြီးဖြစ်သည်ဟု မှတ်ယူပါမည်၊ အခန်းတွင်း လိုအပ်ချက်နှင့် မကျေနပ်မှုများရှိပါက တာဝန်ခံနှင့် ကောင်တာရှိ တာ၀န်ကျတို့ကို တိုင်ကြားအသိပေးနိုင်ပါသည်။

ဝန်ဆောင်ခ

တစ်ရက်အတွက် တည်းခိုခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(က)   အစိုးရဌာနဆိုင်ရာဝန်ထမ်းဧည့်သည်များ

         (၁)   သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် ရိုးရိုးအိပ်ခန်း(၁)ခန်း၈၀၀၀ကျပ်

         (၂)   သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း၁၆၀၀၀ကျပ်

( ခ )  ပြင်ပခရီးသွား ဧည့်သည်များ

         (၁)   သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် ရိုးရိုးအိပ်ခန်း(၁)ခန်း၁၂၀၀၀ကျပ်

         (၂)   သုံးဦးအထိ အများဆုံးတည်းခိုနိုင်သည့် လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း၂၂၀၀၀ကျပ်

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့်သာ ဤဧည့်ရိပ်သာက တည်းခိုခွင့် ပြုပါသည်။ ၀န်ထမ်းဖြစ်ပါက ၀န်ထမ်းစိစစ်ရေးကဒ်ပြားနှင့် ခရီးသွားလာခွင့်မိန့် (M.O) ဖြင့်သာ တည်းခိုခွင့်ပြုပါသည်။

(ကြည်း၊ ရေ၊ လေ တပ်မတော်သား များအား တည်းခိုခွင့်မပြုပါ)

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

အခွန်ဌာန၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

၀၆၇-၄၁၄၂၉၄၊ ၀၆၇-၈၁၀၈၂၁၀

dispatch-box.dorv@nptdc.gov.mm

Website လိပ်စာ

http://www.nptdc.gov.mm



ဝန်ဆောင်မှု (အွန်လိုင်း) - ၇၇ ခု

မြေကွက်ခွဲစိတ် / ပေါင်းစည်း လျှောက်ထားခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / September 29, 2021

Rating

ဂရန်ခွဲ လျှောက်ထားခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / September 29, 2021

Rating
HOT NEWS
January 4,