နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်း (State Fund Account) - နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်း (State Fund Account)
နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်း (State Fund Account)
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 10, 2018
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းနှင့် တိုင်းဒေသကြီး / ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေစာရင်းဟူ၍ ခွဲခြားသတ်မှတ်ကာ Drawing Limit များ ခွင့်ပြုပေးခြင်း ကို ရသုံးမှန်းခြေ ငွေစာရင်းဌာန၏ ခွင့်ပြုချက်၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ သုံးစွဲရန်၊ Drawing Officer သတ်မှတ်ခွင့်ပြုပေးခြင်းနှင့် SFA စာရင်းသစ် များဖွင့်လှစ်ပေးနိုင်ရန် သက်ဆိုင်ရာ ဌာနများ ၏အကြောင်းကြားစာ၊ OA စာရင်းများဖွင့်လှစ်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြောင်းကြား စာ
ဝန်ဆောင်ခ
ငွေသွင်း/ထုတ် တစ်ကြိမ်လျှင် ကျပ် (၂၀၀)
လျှောက်ထားရန် အဆင့်များ
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းဖွင့်လှစ်ခြင်းနှင့် Drawing Officer ပြောင်းလဲသတ်မှတ်ခြင်းတို့အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း၏ အကြီးအကဲများ မှ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) ချေးငွေစိစစ်ကြီးကြပ်ကွပ်ကဲရေးဌာနသို့ အကြောင်း ကြားရပါမည်။
ဆက်သွယ်ရမည့်လိပ်စာ
မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ ချေးငွေစိစစ်ကြီးကြပ်ကွပ်ကဲရေးဌာန၊ ရုံးအမှတ် (၂၆)၊ သီရိကျော်စွာလမ်း၊ ဘဏ်များဇုံ၊ နေပြည်တော်။
ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ
မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး(ရန်ကုန်ငွေစုဘဏ်ခွဲများမှ လွဲ၍)
Website လိပ်စာ
မရှိပါ။
အွန်လိုင်းမှ အခွန်ငွေပေးဆောင်ခြင်း( Online Tax Payment )
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 19, 2018
မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (Mobile Payment)
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 19, 2018
