နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်း


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / September 14, 2018

 

 

အသက်(၁၀)နှစ်ပြည့် (သို့မဟုတ်) (၁၈)နှစ်ပြည့်လျှောက်ထားခြင်း​​​​​​​

  • အသက်(၁၀)နှစ်ပြည့် လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင်နှင့်အတူ မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ လာရောက်ရမည်။ အသက်(၁၈)နှစ် လျှောက် ထားခြင်း ဖြစ်ပါက ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။

  • လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း နှင့် မိတ္တူတစ်စောင် ပါရှိရမည်။

  • မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာပါရှိရမည်။

  • အသက်အတွက် ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်း မူရင်းနှင့် မိတ္တူပါရှိရမည်။

  • မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်မူရင်းနှင့် မိတ္တူ ပါရှိရမည်။

  • ကာယကံရှင်၏ သွေးစစ်လက်မှတ် မူရင်းပါရှိရမည်။

  • ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

  • (၀.၈လက်မ x ၀.၈လက်မ) အရွယ် ဓာတ်ပုံ(၄)ပုံ(မျက်မှန်မပါ)ပါရှိရမည်။

​​​​​​​​​​​​​​

​​​​​​​​​​​​အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်လျှောက်ထားခြင်း

  • ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။

  • အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ(၁)စောင် ပါရှိရမည်။

  • ကာယကံရှင် ယခင်ကိုင်ဆောင်ခဲ့သော အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်းပါရှိရမည်။

  • မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထားလက်မှတ် မူရင်း/ မိတ္တူ ပါရှိရမည်။

  • ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

  • (၀.၈လက်မ x ၀.၈လက်မ) အရွယ် ဓာတ်ပုံ(၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။



မေးလေ့ရှိသောမေးခွန်းများ