နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ပျက်စီး) လျှောက်ထားခြင်း


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / April 20, 2018

၀န်ဆောင်မှုအကြောင်းအရာ

  • နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ပျက်စီး) လျှင် မိတ္တူလျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်

  • ကာယကံရှင်၏ ဝန်ခံချက်နှင့် ကိုယ်တိုင်လာရောက် လျှောက်ထားရမည်။

လိုအပ်သောစာရွက်စာတမ်းများ

  • မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာပါရှိရမည်။

  • ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးရန်လျှောက်လွှာ (ရပ်ကွက်/ကျေးရွာအုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အမှန်တကယ် ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံချက် ပါရှိသော) ပုံစံ ထွေ-၄ ပါရှိရမည်။

  • လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်း နှင့် မိတ္တူ(၁)စောင်စီပါရှိရမည်။

  • မိဘ(၂)ပါး ကိုင်ဆောင်သော လက်မှတ်မူရင်း/မိတ္တူပါရှိရမည်။

  • ပျက်စီးပါက ပျက်စီးသည့် ကတ်ပြားမူရင်းနံပါတ် ပါရှိရမည်။

  • (၀.၈လက်မ x ၀.၈လက်မ) အရွယ် ဓါတ်ပုံ(၄)ပုံ(မျက်မှန်မပါ) ပါရှိရမည်။

​​​​​​​​​​​​​​လျှောက်ထားရန်အဆင့်

  • သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးတွင် လျှောက်ထားရမည်။

​​​​​​​​​​​​​​

ဆက်သွယ်ရန်လိပ်စာ

 

အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန

၀၆၇- ၄၃၁၀၄၅



မေးလေ့ရှိသောမေးခွန်းများ