အိမ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ပေးခြင်း


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / October 06, 2021

အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာကိစ္စရပ်များအတွက် ပါရှိရမည့်အထောက်အထားများ

​​​​​​​

အိမ်ထောင်စုအလိုက်ပြောင်းဝင်ခြင်း

  • အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ အိမ်ထောင်ဦးစီးကိုယ်တိုင် မလာရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် အိမ်ထောင်စုဝင်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။

  • အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။

  • နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀)ပါရှိရမည်။

  • ဝင်ရောက်နေထိုင်လိုသည့် လိပ်စာမှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏  ထောက်ခံချက်ပါရှိရမည်။

  • ပြောင်းဝင်မည့် အိမ်ခန်း (သို့မဟုတ်) အိမ်အား ပိုင်ဆိုင်သည့် အထောက်အထား မူရင်း၊ မိတ္တူ ပါရှိရမည်။ ပိုင်ဆိုင်သည့် အထောက်အထား မပြနိုင်ပါက လိပ်စာပါ နေရာတွင် မည်သည့်အခြေအနေဖြင့် နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

​​​​​

​​​​​​​​​​​​​​အိမ်ထောင်စုအလိုက် ပြောင်းထွက်ခြင်း

  • ​​​​​​​အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈) နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာမှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက်ပါရှိရမည်။

  • အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။

  • ပြောင်းထွက်မည့်သူများအမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူ ပါရှိရမည်။

  • ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏  ထောက်ခံချက်ပါရှိရမည်။

​​​​​​​

အိမ်ထောင်စုလူဦးရေတိုးခြင်း​​​​​​​​​​​​​​

  • ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။ ၎င်းနည်းတူ ကာယကံရှင် ကိုယ်တိုင် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။

  • ကာယကံရှင်၏ လျှောက်လွှာပါရှိရမည်။

  • နောက်ဆုံးနေထိုင်သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။

  • လက်ခံမည့် အိမ်ထောင်ဦးစီး၏ သဘောတူဝန်ခံချက်ပါရှိရမည်။

  • အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း ပါရှိရမည်။

  • ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရောက်ရှိနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

​​​​​​​

အိမ်ထောင်စုလူဦးရေလျှော့ခြင်း

  • ​​​​​​​ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။ ၎င်းနည်းတူ ကာယကံရှင် ကိုယ်တိုင် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။

  • အိမ်ထောင်ဦးစီး၏ သဘောတူဝန်ခံချက် ပါရှိရမည်။

  • လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူပါရှိရမည်။

  • ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

​​​​​​​

မွေးဖွားသူအမည်စာရင်းတိုးခြင်း​​​​​

  • အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈) နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာမှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက်ပါရှိရမည်။

  • အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။

  • မိဘနှစ်ပါး၏ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း နှင့် မိတ္တူ ပါရှိရမည်။

  • မိဘနှစ်ပါး၏ အိမ်ထောင်စုလူဦးရေစာရင်း သီးခြားတစ်ခုစီရှိပါက လူဦးရေတိုးမည့်မိဘ၏ အိမ်ထောင်စု လူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူနှင့် လူဦးရေစာရင်းတိုးရန်မလိုသည့် မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူပါရှိရမည်။

  • ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏  ထောက်ခံချက်ပါရှိရမည်။

  • မွေးဖွားကြောင်း ပုံစံ ထွေ-၁(က) (သို့မဟုတ်) မွေးစာရင်း လက်မှတ်မူရင်းနှင့် မိတ္တူပါရှိရမည်။

​​​​​​​

သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်း

  • အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈) နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာမှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက်ပါရှိရမည်။

  • သေဆုံးကြောင်း ပုံစံထွေ-၂(က) (သို့မဟုတ်) သေဆုံးကြောင်းလက်မှတ် မူရင်း၊ မိတ္တူပါရှိရမည်။

  • တိုင်ကြားသူနှင့် သေဆုံးသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်း၊ မိတ္တူပါရှိရမည်။

  • သေဆုံးသူသည် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

​​​​​​​

သီးခြားအိမ်ထောင်စုခွဲထွက်ခြင်း

  • ​​​​​​​ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ပါရှိရမည်။ ၎င်းနည်းတူ ကာယကံရှင် ကိုယ်တိုင် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။

  • အိုးခွဲ၊ အခန်းခွဲ၊ ခေါင်ခွဲ၊ စီးပွားခွဲ စသည့် ခွဲ(၄)ခွဲနှင့် ညီညွတ်ရမည်။

  • အိမ်ထောင်ဦးစီး၏ သဘောတူဝန်ခံချက် ပါရှိရမည်။

  • လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူပါရှိရမည်။

  • ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏  ထောက်ခံချက်ပါရှိရမည်။

Website လိပ်စာ

http://www.mip.gov.mm/

မေးလေ့ရှိသောမေးခွန်းများ