မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန၏ဝန်ဆောင်မှုလုပ်ငန်းများ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန၏ဝန်ဆောင်မှုလုပ်ငန်းများ


ကော်မရှင်နှင့်ကော်မတီများ / February 04, 2021

ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုများ

ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနအနေဖြင့် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေး လျက်ရှိပါသည် -

  • သစ်ပင်/သစ်ကိုင်းများ ခုတ်ခွင့်လျှောက်ထားခြင်း
  • ပျိုးပင်လိုင်စင်သစ်လျှောက်ထားခြင်း

ဝန်ဆောင်မှုများရယူရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါဝင်ရမည့်အချက်အလက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- သစ်ပင်/သစ်ကိုင်း ခုတ်ခွင့်လျှောက်ထားခြင်း ဝန်ဆောင်မှုလျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

  • ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ထောက်ခံချက်များ
  • ရပ်ကွက်ထောက်ခံချက်
  • အိမ်ထောင်စုဇယား(ပုံစံ-၁၀)မိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • ခုတ်မည့်အပင်၏ဓါတ်ပုံ

စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

  • သစ်ပင်/သစ်ကိုင်းခုတ်ခွင့်လျှောက်ထားလိုသောသူသည် လျှောက်ထားတင်ပြစာကို လုပ်ငန်းဌာနခွဲစာဝင်/စာထွက်တွင် လျှောက် ထားတင်ပြခြင်း(၁)ရက်
  • စာဝင်/စာထွက်ဌာနစိတ်မှ ဌာနခွဲမှူးသို့တင်ပြ၍ ဌာနခွဲမှူးမှ တဆင့် မြို့နယ်တာဝန်ခံသို့ ချထားပေးခြင်း(၁)ရက်
  • သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေးပြီးနောက် ဌာနခွဲမှူးထံတင်ပြ၍ ဌာနခွဲမှူးမှတဆင့် ဌာနမှူးထံ ဆက်လက် တင်ပြခြင်း(၂)ရက်
  • ဌာနမှူးမှ ကော်မတီဝင်ထံ တင်ပြခွင့်ပြုချက်ရယူခြင်း(၃)ရက်
  • မြို့နယ်တာဝန်ခံမှ သစ်ပင်/သစ်ကိုင်းခုတ်ခွင့်လျှောက်ထားသူသို့ အကြောင်းကြားခြင်း (၁)ရက်
  • သစ်ပင်ခုတ်လျှောက်ထားသူအား ဝန်ဆောင်မှုစရိတ်ငွေပေးသွင်း၍ ခုတ်ခွင့်ပြုခြင်း (၁)ရက်
  • ခွင့်ပြုချက်ထုတ်ပေးသည်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက် သစ်ပင် /သစ်ကိုင်းခုတ်လိုသောသူမှ လျှောက်ထားပြီးနောက်(၉)ရက်
  • ပေးသွင်းရမည့်အခွန်အခသတ်မှတ်ချက်များ
  • သစ်ပင်/သစ်ကိုင်းခုတ်ခွင့်လျှောက်ထားခြင်း
  • ပျိုးပင်လိုင်စင်သစ်လျှောက်ထားခြင်း ဝန်ဆောင်မှုများ လျှောက်ထားရာတွင် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ

- ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ထောက်ခံချက်များ

  • ရပ်ကွက်ထောက်ခံချက်
  • အိမ်ထောင်စုဇယား(ပုံစံ-၁၀)မိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • မြေပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူ
  • လျှောက်ထားသူ၏လိုင်စင်ဓါတ်ပုံ(၂)ပုံ

စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

  • ပျိုးပင်လိုင်စင်လျှောက်ထားလိုသောသူသည် လျှောက်ထားတင်ပြစာကို ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန စာဝင်/စာထွက်တွင် လျှောက်ထား၍ ဌာနမှူးသို့တင်ပြပြီး ဌာနမှူးမှတဆင့် ဌာနခွဲမှူးသို့ ချထားပေးခြင်း(၁)ရက်
  • ဌာနခွဲမှူးမှတဆင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံသို့ ချထားပေးခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေးပြီး နောက် ဌာနခွဲမှူးထံတင်ပြခြင်း(၂)ရက်
  • ဌာနခွဲမှူးမှ ဌာနမှူးထံတင်ပြခြင်းနှင့် ဌာနမှူးမှ ကော်မတီဝင်ထံ တင်ပြခွင့်ပြုချက်ရ ယူခြင်း(၃)ရက်
  • လိုင်စင်စာရေးမှ ပျိုးပင်လိုင်စင်အတွက် ငွေသွင်းရန်အကြောင်းကြားခြင်းနှင့် လိုင်စင် ထုတ်ပေးခြင်း(၂)ရက်
  • ခွင့်ပြုချက်ထုတ်ပေးသည်အထိ ကြာမြင့်နိုင်သည့် အချိန်ကာလသတ်မှတ်ချက် - ပျိုးပင်လိုင်စင်သစ်ထုတ်ယူလိုသောသူမှ လျှောက်ထားပြီးနောက်(၈)ရက်



မေးလေ့ရှိသောမေးခွန်းများ

လမ်းလယ်ကျွန်းရှိ အပင်နှင့် ပန်းအိုးများ ကားတိုက်မှုဖြစ်ပါက သတ်မှတ်ဒဏ်ကြေး အပါ အဝင် အပင်၏ အရွယ်အစားနှင့် ကျောက်ပန်းအိုးအတိုင်း အစားထိုးပေးလျော်ပြီးမှသာ ကြေအေးကြောင်း ဆောင်ရွက်ပေးပါသည်။
လျှပ်စစ်မီးကြိုးနှင့်မလွတ်ကင်းသောသစ်ပင်/သစ်ကိုင်းများအား E.P.C နှင့်ဆက်သွယ်၍ ခေတ္တလျှပ်စစ်လိုင်းပိတ်ပြီး ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှ ခုတ်ထွင်ရှင်းလင်းပေး ပါသည်။
ကရိန်းကားများအား ငှားရမ်းလိုပါက စက်ရုံနှင့်မော်တော်ယာဉ်ဌာနနှင့်ဆက်သွယ် ဆောင်ရွက်သွားရန်ဖြစ်ပါသည်။
မြို့တော်ဝန် Page တွင် တင်ပြလာသော သစ်ပင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများသို့ တင်ပြ လာသောသစ်ပင်များ၊ ကော်မတီသို့တင်ပြသောအန္တရာယ်ရှိသစ်ပင်များ၊ သဘာဝဘေး အန္တရာယ်ကြောင့်ပြိုလဲသည့်သစ်ပင်များအား ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန၏လုပ်ငန်း တစ်ရပ်အနေဖြင့် ရှင်းလင်းဆောင်ရွက်ပေးပါသည်။
ဝန်ဆောင်မှု (အွန်လိုင်း) - ၇၇ ခု

မြေကွက်ခွဲစိတ် / ပေါင်းစည်း လျှောက်ထားခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / September 29, 2021

Rating

ဂရန်ခွဲ လျှောက်ထားခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / September 29, 2021

Rating