အဝီစိတွင်းတူးဖော်ပြီး အမြဲတမ်းသုံးစွဲခွင့် လိုင်စင် လျှောက်ထားခြင်
အဝီစိတွင်းတူးဖော်ပြီး အမြဲတမ်းသုံးစွဲခွင့် လိုင်စင် လျှောက်ထားခြင်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ / October 04, 2021
အဝီစိတွင်းတူးဖော်ပြီး အမြဲတမ်းသုံးစွဲခွင့် လိုင်စင် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
          မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ အဝီစိတွင်း တူးဖော်ပြီး အမြဲတမ်း သုံးစွဲခွင့်လိုင်စင် လျှောက်ထားလိုလျှင်လည်းကောင်း၊ အဝီစိတွင်း တူးဖော်ခွင့် ယာယီလိုင်စင် သက်တမ်းတိုး လျှောက်ထားလျှင်လည်းကောင်း အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
          
| ၁။ | လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ (၁) စောင် | 
| ၂။ | ယာယီလိုင်စင် မူရင်း(၁)စောင် | 
| ၃။ | တူးဖော်ပြီးစီးခဲ့သည့် အဝီစိတွင်း၏ အထွေထွေအချက်အလက်များ (မြေလွှာဖွဲ့စည်းမှု ရေနမူနာ) | 
| ၄။ | ပြည်သူ့ကျန်းမာရေးဌာန၏ ရေအရည်အသွေး စမ်းသပ်ချက်အဖြေမူရင်း | 
| ၅။ | လျှောက်လွှာခ - ၁၀၀ ကျပ်၊ ကွင်းဆင်းစစ်ဆေးခ - ၅၀၀၀ ကျပ်၊ | 
| ၆။ | ရေဓါတ်ခွဲစစ်ဆေးခ - ၁၂၀၀၀ ကျပ် (ပြည်သူ့ကျန်းမာရေးဌာန၏ ဓါတ်ခွဲစစ်ဆေးချက် Bacteria Test နှင့် မန်းစည်ပင် (ရူပ/ ဓါတု) ၏ Chemical Test) | 
 
                             
                                
