ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / April 19, 2018
အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ပြည်သူသို့ ပေးနေသော ဝန်ဆောင်မှုများ
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆောက်အဦဆောက်လုပ်ခွင့်နှင့် ဆက်စပ်သည့် ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တော်အဆောက်အဦဆောက်လုပ်ခွင့်ပြုမိန့်စနစ် Online Submission System (Yangon Building Permit System-YBPS) ကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် Full Launch ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့တွင် အွန်လိုင်းဖြင့်သာ လက်ခံဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ YBPS ပင်မစာမျက်နှာသို့ ဝင်ရောက်လိုပါက နှိပ်ပါ!
- အဆောက်အအုံအတွက် ပေးသွင်းထားသော အာမခံကြေး သိန်း(၅၀)/သိန်း(၃၀) ပြန်လည်ထုတ်ယူခွင့် လျှောက်လွှာပုံစံရယူရန်
- တိုင်းတာရေးအင်ဂျင်နီယာလိုင်စင်လျှောက်ထားခြင်း လျှောက်လွှာပုံစံရယူရန်
- မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာများမှတ်ပုံတင်ရမည့်လျှောက်လွှာပုံစံ လျှောက်လွှာပုံစံရယူရန်
- ကန်ထရိုက်တာလျှောက်ထားခြင်း
- လျှောက်လွှာပုံစံ
- နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်
- အမွေစားအမွေခံ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
- အိမ်ထောင်စုဇယားပုံစံ(၆၆/၆)မိတ္တူ
- လိုင်စင်ဓါတ်ပုံ ရောင်စုံ (၄)ပုံ
- လိုင်စင်ရ ကန်ထရိုက်တာတစ်ဦး၏ထောက်ခံချက်
- ပိုင်ဆိုင်မှုအထောက်အထား
- တိုက်ခန်းအမည်ပြောင်းခြင်း
- အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ထုတ်ပေးထားသော အဆောက်အအုံ နေထိုင်ခွင့် စာချုပ် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ တိုက်ခန်းနေရာချထားခြင်း လက်မှတ်မူရင်း
- တိုက်ခန်းလွှဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်
- သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်
- လွှဲပြောင်း၊ လက်ခံသူ၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
- လွှဲပြောင်း၊ လက်ခံသူ၏ လိုင်စင်ဓါတ်ပုံ(၂)ပုံ
- လွှဲပြောင်း၊ လက်ခံသူ၏ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ
- တိုက်ခန်းလွှဲပြောင်းသူ၏ အမည်လွှဲပြောင်းခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ၀န်ခံကတိပြုချက်
- YBPS စနစ်မတိုင်မီက ပေးသွင်းရမည့်ငွေကြေးနှုန်းထားများ ကြည့်ရှုရန်
- YBPS စနစ်တွင် ပေးသွင်းရမည့်ငွေကြေးနှုန်းထားများ ကြည့်ရှုရန်
