ရန်ကုန်မြို့တော်ဘဏ်၏ဝန်ဆောင်မှုများ


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / April 19, 2018

ရန်ကုန်မြို့တော်ဘဏ်တွင် အများပြည်သူသို့ ကောက်ခံနေသည့် ဘဏ်စရိတ်များနှင့် အခြားကောက်ခံသည့် စရိတ်များ

MPU Debit Card Fees and Charges

  • Card ပျောက်ပါက - ငွေကျပ် ၅၀၀၀/- (Card Lost Fees)
  • Card ပျက်ပါက - ငွေကျပ် ၃၀၀၀/- (Card damage Fees)
  • Card စာရင်းဖွင့်ပါက - ငွေကျပ် ၃၀၀၀/- (Card Fees)
  • လျှို့ဝှက်နံပါတ်မေ့၍ အသစ်ပြန်လည်တောင်းခံခြင်း - ငွေကျပ် ၃၀၀၀/- (Pin Changes Fees)
  • Card ငွေလက်ကျန် အနည်းဆုံး - ငွေကျပ် ၁၀၀၀/- ထားရှိရန်
  • Card Transaction Fees (ရန်ကုန်မြို့တော်ဘဏ် MPU Debit Card အား ရန်ကုန်မြို့တော်ဘဏ် ATM တွင် သုံးပါက ဝန်ဆောင်ခ Fees ကင်းလွတ်ပြီး အခြား ATM တွင် သုံးပါက ၁.၁.၂၀၁၈ မှစ၍ ငွေကျပ် ၁၀၀/- လျှင် ၅၀ ပြားကောက်ခံပါမည်။

စာရင်းရှင်စာရင်း ( Current Account )

  • အနည်းဆုံးလက်ကျန် - ငွေကျပ် ၁၀၀/- ထားရှိရန်
  • ချက်စာအုပ်အသစ် - ငွေကျပ် ၃၀၀၀/-
  • ချက်စာအုပ်ပျောက် - ငွေကျပ် ၅၀၀၀/-

ငွေစုဘဏ်စာရင်း( Saving Deposit Account )

  • အနည်းဆုံးလက်ကျန်ငွေ - ငွေကျပ် ၁၀၀၀/- ထားရှိရန်

Payment Order (ငွေပေးအမိန့်လွှာ)

ဝန်ဆောင်ခ

ငွေကျပ် ၁၀၀/- လလျှင် ၁၀ ပြားနှုန်း
အနည်းဆုံး - ငွေကျပ် ၁၀၀/- ကောက်ခံသည်။
အများဆုံး - ငွေကျပ် ၃၀၀၀၀/- ကောက်ခံသည်။

CBM Net အသုံးပြုခ

ချက်လက်မှတ် (Cheque)- ငွေကျပ် ၅၀၀/-

ငွေပေးအမိန်လွှာ (Payment Order)- ငွေကျပ် ၃၀၀/-

ငွေကြေးဆိုင်ရာလွှဲပြောင်းခ(Fund Transfer)- ငွေကျပ် ၁၀၀၀/-

အထွေထွေ

ငွေလက်ကျန် အတည်ပြုလွှာ (Balance Confirmation) - ငွေကျပ် ၁၀၀၀/-

ဘဏ်ရှင်းတမ်း ( Bank Statement ) - ငွေကျပ် ၂၀၀/-

ရန်ကုန်မြို့တော်ဘဏ်မှဆောင်ရွက်ပေးလျက်ရှိသည့်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ

(က) စာရင်းဖွင့်ရာတွင် လိုက်နာရမည့်အချက်များ

        (၁) စာရင်းဖွင့်မည့်သူကိုယ်တိုင် ဘဏ်သို့လာရောက်ရပါမည်။

        (၂) အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။

        (၃) နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာရပါမည်။

ကုမ္ပဏီ၊ အစုစပ်၊ အသင်းအဖွဲ့စာရင်းများအတွက် အသေးစိတ်ကို ဖုန်းဖြင့်မေးမြန်းနိုင်ပါသည်။

( ခ ) ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရာတွင် လိုက်နာရမည့်အချက်များ

         (၁) စာရင်းဖွင့်မည့်သူကိုယ်တိုင် ဘဏ်သို့လာရောက်ရပါမည်။

         (၂) အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။

         (၃) နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာရပါမည်။

ကုမ္ပဏီ၊အစုစပ်၊အသင်းအဖွဲ့စာရင်း၊သက်ငယ်စာရင်းများအတွက် အသေးစိတ်ကို ဖုန်းဖြင့်မေးမြန်းနိုင်ပါသည်။

( ဂ ) စာရင်းဖွင့်ရာတွင် အနည်းဆုံးသွင်းရမည့်ငွေ

          (၁) စာရင်းရှင်အပ်ငွေစာရင်းဖွင့်ခြင်း ၁၀၀၀ ကျပ်

          (၂) ချေးငွေ၊စာရင်းပိုထုတ်ချေးငွေစာရင်းဖွင့်ခြင်း ၃၀၀၀၀ ကျပ်

(ဃ) ဘဏ်ဆောင်ရွက်ခများ

         (၁) စာရင်းရှင်စာရင်းပိတ်ခြင်း ၁၀၀ကျပ်

         (၂) ငွေလက်ကျန်အတည်ပြုလွှာ ထုတ်ပေးခြင်း ၁၀၀၀ ကျပ်

         (၃) ငွေသွင်းထားကြောင်း ထောက်ခံချက်များထုတ်ပေးခြင်း ၁၀၀၀ကျပ်

         (၄) ငွေမထုတ်ပေးရသေးကြောင်း ထောက်ခံချက်ထုတ်ပေးခြင်း ၁၀၀၀ကျပ်

         (၅) နောက်ကြောင်းပြန် ဘဏ်ရှင်းတမ်းထုတ်ပေးခြင်း ၁၀၀၀ ကျပ်

( င ) ဒဏ်ကြေးများ

          (၁) ငွေထုတ်ကြေးပြား တိုကင်တစ်ပြား ပျောက်ဆုံးခြင်း ၁၀၀၀ ကျပ်

          (၂) ချက်လက်မှတ် စာအုပ်တစ်အုပ် ပျောက်ဆုံးခြင်း ၁၀၀၀ ကျပ်

          (၃) ငွေစုစာအုပ်တစ်အုပ် ပျောက်ဆုံးခြင်း ၁၀၀၀ ကျပ်

( စ ) အနည်းဆုံးထားရှိရမည့် ငွေလက်ကျန်

          (၁) စာရင်းရှင်အပ်ငွေစာရင်း ၁၀၀၀ ကျပ်

          (၂) ငွေစုဘဏ်အပ်ငွေစာရင်း ၁၀၀၀ ကျပ်

(ဆ) ငွေလွှဲခနှုန်းထားများ

         (၁) ငွေ ၁၀၀ ကျပ် လွှဲပါက ၁၅ ပြား ငွေလွှဲခ ပေးရပါမည်။

         (၂) Online / Fax ခ ၅၀၀ ကျပ်

( ဇ ) ချေးငွေသက်တမ်း

ချေးငွေသက်တမ်းမှာ (၁)နှစ်ဖြစ်၍ ဆက်လက်ချေးယူလိုပါက သက်တမ်းမကုန်မီ ကြိုတင်လျှောက်ထားရမည်။

ချေးငွေလျှောက်ထားရာတွင် လိုအပ်ချက်များ-

(၁) လုပ်ငန်းနှင့်ပတ်သက်၍တင်ပြရန်

     (က) သက်တမ်းရှိ လုပ်ငန်းလိုင်စင်

     ( ခ ) အမြတ်ခွန်ပြေစာများ

     ( ဂ ) အရှုံးအမြတ်စာရင်းများနှင့် ဘဏ္ဌာရေးရှင်းတမ်းများ

     (ဃ) လုပ်ငန်းဓါတ်ပုံများ

(၂) အာမခံပစ္စည်းများနှင့် ပတ်သက်၍တင်ပြရန်

     (က) စာချုပ်စာတမ်းပိုင်ဆိုင်မှု အစဉ်အဆက်

    ( ခ ) ဂရန်

    ( ဂ ) မြေပုံ၊ မြေရာဇဝင် (ငွေချေးရန် တစ်နှစ်အတွင်း ကူးယူထားသော မြေပုံ၊မြေရာဇဝင်ဖြစ်ရပါမည်။)

    (ဃ) အာမခံအဆောက်အဦ ဓါတ်ပုံ

(၃) လူပုဂ္ဂိုလ်နှင့် ပတ်သက်၍

    (က) သန်းခေါင်စာရင်း

    ( ခ ) မှတ်ပုံတင်

    ( ဂ ) Passport ပုံဓါတ်ပုံများ......................တင်ပြရန်လိုအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာများ

ရန်ကုန်မြို့တော်ဘဏ်လီမိတက်(ရုံးချုပ်)

စည်ပင်လမ်း, ကျောက်တံတားမြိုနယ်, မြို့တော်ခန်းမအနီး

ဖုန်း-၃၈၂၅၁၉(စီမံ), ၂၄၃၅၈၈(စာရင်း/ငွေကြေး), ၂၄၃၆၇၁(ချေးငွေ),၂၄၃၅၉၉(ကွန်ပျူတာ), ၂၄၃၅၇၇(ငွေစုဘဏ်)

ရန်ကုန်မြို့တော်ဘဏ် (ဗိုလ်တထောင်ဘဏ်ခွဲ)

ဖုန်း-၂၉၄၁၄၀(Fax), ၀၉၇၃၁၇၅၁၀၂

ရန်ကုန်မြို့တော်ဘဏ်(ဘုရင့်နောင်ဘဏ်ခွဲ)

ဖုန်း-၃၅၈၈၅၆၇

ရန်ကုန်မြို့တော်ဘဏ်(အောင်မင်္ဂလာဘဏ်ခွဲ)

ယ/၂၀၊ တိုက်HB-3(1)၊ ပခုက္ကူလမ်း၊ အောင်မင်္ဂလာအဝေးပြေးဝင်း၊ မင်္ဂ လာဒုံမြို့နယ်။

ဖုန်း-၆၃၆၃၄၉(Fax) ၊ ၀၉-၇၉၉၆၁၈၈၅၈

ရန်ကုန်မြို့တော်ဘဏ်(မင်္ဂလာစျေးဘဏ်ခွဲ)

ဖုန်း-၂၉၉၂၄၅(Fax), ၈၆၁၉၂၉၀

ငွေလွှဲလုပ်ငန်းများ

ရန်ကုန်မြို့တော်ဘဏ်နှင့် ချိတ်ဆက်သောလုပ်ငန်းများမှာ -

မန္တလေးမြို့ရှိရတနာပုံဘဏ်၊ ကျေးလက်ဖြိုးရေးဘဏ်၊ မြဝတီဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ဧရာ၀တီဘဏ်တို့နှင့် အပြန်အလှန် ငွေလွှဲပေးပို့နိုင်ပါသည်။

၁။ ရတနာပုံဘဏ်-----------------------နေရာပေါင်း(၁)နေရာ

၂။ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်-----------------------နေရာပေါင်း(၂)နေရာ

၃။ မြဝတီဘဏ်-----------------------နေရာပေါင်း(၄၈)နေရာ

၄။ ရိုးမဘဏ်-----------------------နေရာပေါင်း(၅၁)နေရာ

၅။ ကမ္ဘာ့ရတနာဘဏ်-----------------------နေရာပေါင်း(၁၁၇)နေရာ

၆။ ဧရာဝတီဘဏ်-----------------------နေရာပေါင်း(၁၈၉)နေရာ

ရန်ကုန်မြို့တော်ဘဏ်မှအပြန်အလှန်ငွေလွှဲပေးပို့နိုင်သောမြို့များ

ကလေး၊ ကောလင်း၊ ကော့သောင်း၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ကျောက်ဖြူ၊ ကျောက်မဲ၊ ကျောင်းကုန်း၊ ကြို့ပင်ကောက်၊ ကျိုက်လတ်၊ ကျိုက်ထို၊ ကျိုင်းတုံ၊ ခရမ်း၊ ချောင်းဆုံ၊ ချောက်၊ ညောင်တုန်း၊ ညောင်လေးပင်၊ ညောင်ဦး၊ ထီးလင်း၊ စစ်ကိုင်း၊ စစ်တွေ၊ တမူး၊ တာချီလိတ်၊ တောင်ကုတ်၊ တောင်ကြီး၊ တောင်ငူ၊ တောင်တွင်းကြီး၊ ထားဝယ်၊ ဒိုက်ဦး၊ ဓနုဖြူ၊ နေပြည်တော်၊ ပခုက္ကူ၊ ပဲခူး၊ ပုဂံမြို့သစ်၊ ပုသိမ်၊ ပုလော၊ ပင်းတယ၊ ပန်းတနော်၊ ပေါင်းတည်၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ ပြည်၊ ပျဥ်မနား၊ ဖားကန့်၊ ဖျာပုံ၊ ဖြူး၊ ဘာအံ့၊ စလင်း၊ ဘိုကလေး၊ မကွေး၊ မအူပင်၊ မုဒုံ၊ မုံရွာ၊ မိုးကုတ်၊ မူဆယ်၊ မင်းပြား၊ မင်းဘူး၊ မန္တလေး၊ မောင်းတော၊ မော်လမြိုင်၊ မော်လမြိုင်ကျွန်း၊ မှော်ဘီ၊ မြဝတီ၊ မြင်းခြံ၊ မြောင်းမြ၊ မြစ်ကြီးနား၊ မြိတ်၊ မိတ္တီလာ၊ ရေး၊ ရွှေဘို၊ လပွတ္တာ၊ လားရှိုး၊ လွိုင်ကော်၊ ဝါးခယ်မ၊ ဝေါ၊ သရက်၊ သထုံ၊ သံတွဲ၊ သံဖြူဇရပ်၊ သုံးခွ၊ ဟoFmw? အောင်ပန်း၊ အောင်လံ၊ ပွင့်ဖြူ၊ သနပ်ပင်၊ လှိုင်သာယာ(မီးခွက်စျေး)၊ ကျောက်ပန်းတောင်း၊ ပေါင်၊ အောက်မင်းလှ၊ ကျွန်းလှ၊ လှိုင်သာယာ(၂)(နဝဒေး)၊ ကြာအင်းဆိပ်ကြီး၊ မြိုင်၊ အစင်၊ မန္တလေး-၆၂လမ်း၊ လွိုင်ကော်၊ ဗဟန်း(အောင်ချမ်းသာ)၊ သင်္ဃန်းကျွန်း(သုဝဏ္ဏ)၊ ထီးချိုင့်၊ ကြံခင်း၊ အမ်း၊ ကျောက်တော်၊ တော်စွန်း၊ ကျိုက္ခမီ၊ ကျိုက်ဝိုင်း(သမိုင်း)၊ ဘုရင်နောင်(၂)၊ စော်ဘွားကြီးကုန်း၊ ရွှေလောင်း၊ တပ်တောင်၊ ပုဏ္ဏားကျွန်း၊ မန္တလေး(၁၃)နန်းရှေ့စျေး-၁၉လမ်း၊ မန္တလေး(၁၄) မန်းမြို့စျေး-၈၄လမ်း၊ ကျောက်တန်း၊ ရန်ကုန်(၄၁) ပြည်လမ်း Novotel၊ ရန်ကုန်(၄၂)ပုဇွန်တောင်-၄၉လမ်း၊ ရန်ကုန်(၄၃)ပုဇွန်တောင်-၅၆လမ်း၊ ရန်ကုန်(၄၄)သင်္ဃန်းကျွန်းလေးထောင့်ကန်၊ ရန်ကုန်(၄၅) ဘုရင့်နောင်တပင်ရွှေထီး၊ ရန်ကုန်(၄၆)အင်းစိန်-ပေါက်တောဝ၊ ရန်ကုန်(၄၇)အင်းစိန်-လမ်းသစ်၊ ရန်ကုန်(၄၈)ရခိုင်-စည်တော်ကြီး၊ ရေကြည်ဘဏ်ခွဲကြီး၊ မြန်အောင်၊ ရန်ကုန်(၄၉) တောင်ဥက္ကလာပ (သစ္စာလမ်း)၊ ပန်းတနော်၊ ရန်ကုန်(၅ဝ) တာမွေဘဏ်ခွဲကြီး (လေးထောင့်ကန်)၊ ဖျာပုံဘဏ်ခွဲကြီး၊ မှုဆယ်ဘဏ်ခွဲ-၂(အဝေးပြေးဝင်း)၊ ရန်ကုန်(၅၁)-ဗိုလ်ဆွန်ပက်ဘဏ်ခွဲကြီး၊ ကျောက်မဲ(ဘဏ်ခွဲကြီး)၊ ရေနီဘဏ်ခွဲကြီး၊ ရန်ကုန်(၅၂)-ဆင်မလိုက်ဘဏ်ခွဲ(ကမာရွတ်)၊ သံဖြူဇရပ်ဘဏ်ခွဲကြီး၊ ရန်ကုန်(၅၃)-ရန်ကင်းဘဏ်ခွဲကြီး-၂(မိုးကောင်း)၊ လပွတ္တာဘဏ်ခွဲကြီး၊ ရန်ကုန်(၅၄)-ဗဟန်း၊ ကသာဘဏ်ခွဲကြီး၊ ရွှေပြည်သာဘဏ်ခွဲကြီးရန်ကုန်(၅၅)၊ မြောက်ဒဂုံဘဏ်ခွဲကြီး ရန်ကုန်(၅၆)၊ ကော့သောင်းဘဏ်ခွဲကြီး၊ ရန်ကုန်(၅၇)-မင်္ဂလာဒုံဘဏ်ခွဲကြီး၊ ရန်ကုန်(၅၈)-ဗဟန်းဘဏ်ခွဲကြီး၂၊ ရန်ကုန်(၅၉)ရွှေဘုံသာဘဏ်ခွဲကြီး၂၊ ရန်ကုန်(၆၀)လှိုင်သာယာဘဏ်ခွဲကြီး-၂၊ ပုသိမ်ဘဏ်ခွဲ-၂၊ ရန်ကုန်(၆၁)စမ်းချောင်းဘဏ်ခွဲ၊ ရန်ကုန်(၆၂)မင်းဓမ္မဘဏ်ခွဲ၊ မန္တလေး(၁၅)၇၃-လမ်းဘဏ်ခွဲကြီး၊ စစ်ကိုင်းဘဏ်ခွဲ၊ ဘားအံဘဏ်ခွဲ၊ မလှိုင်ဘဏ်ခွဲ၊ ရမည်းသင်းဘဏ်ခွဲ၊ ကျောက်ဆည်ဘဏ်ခွဲ၊ မိုးညှင်းဘဏ်ခွဲ၊ ရန်ကုန်(၆၄)မြောက်ဒဂုံဘဏ်ခွဲ-၃ပြည်ထောင်စုလမ်း၊ ရေးဘဏ်ခွဲ၊ ရန်ကုန်(၆၃)သီလဝါဘဏ်ခွဲ၊ ရန်ကုန်(၆၅)တာမွေဘဏ်ခွဲ-၁၆၅လမ်း၊ ရန်ကုန်(၆၆)ဗိုလ်တစ်ထောင်ဘဏ်ခွဲ၊ တိုက်ကြီး၊ ဖြူး၊ ရန်ကုန်(၆၇) သာကေတ၊ သီပေါ၊ ဘီလင်း၊ ကျုံပျော်၊ ရန်ကုန်(၆၈) ကန်တော်ကြီးရိပ်မွန်၊ ရန်ကုန်(၆၉) တောင်ဥက္ကလာပဘဏ်ခွဲ-၂(ပါရမီ)၊ ဇလွန်ဘဏ်ခွဲ၊ ရန်ကုန်(၇ဝ) Junction Square၊ သန်လျင်ဘဏ်ခွဲ၊ ရန်ကုန်(၇၁)၊ မင်္ဂလာတောင်ညွှန့်(မြန်မာ့ဂုဏ်ရည်လမ်း)၊ မိုးကောင်းဘဏ်ခွဲ၊ ရန်ကုန်(၇၂) လမ်းမတော်ပလာဇာ၊ မော်လမြိုင်ဘဏ်ခွဲ(၂)၊ မန္တလေး(၁၆)လမ်း(၃၀)-(၈၄_၈၅) လမ်းကြား၊ မန္တလေး(၁၇)၏ (၈၃_၃၂)လမ်းထောင့်၊ မန္တလေး(၁၈)Diamond Plaza (၇၇_၃၄) လမ်းထောင့်၊ မန္တလေး(၁၉) (၈၄_၄၀)လမ်းထောင့်၊ ရန်ကုန်(၇၃)ကြည့်မြင့်တိုင်ဘဏ်ခွဲ(ကမ်းနားလမ်း)၊ ပျော်ဘွယ်ဘဏ်ခွဲ၊ ရန်ကုန်-၄၇(အင်းစိန်လမ်းသစ်)၊ မန္တလေး(၂၀)၈၉လမ်း(၂၂_၂၃)လမ်းကြား၊ ပဲခူးဘဏ်ခွဲ(၂) သနပ်ပင်လမ်း၊ ရန်ကုန်(၇၅)လသာဘဏ်ခွဲ(၂)၊ မန္တလေး(၂၁)၈၄လမ်း၊ (၈၄_၃၄)ထောင့်၊ ပဲခူးဘဏ်ခွဲ(၃)(ဇိုင်းဂနိုင်း)၊ ရန်ကုန်(၇၆)မင်္ဂလာတောင်ညွှန့်၊ ဝမ်းတွင်းဘဏ်ခွဲ၊ ညောင်လေးပင်ဘဏ်ခွဲ၊ တောင်ကုတ်ဘဏ်ခွဲ၊ ရန်ကုန်(၇၇)လမ်းမတော်ဘဏ်ခွဲ(မော်တင်လမ်း)၊ ရန်ကုန်(၇၈)ဒေါပုံဘဏ်ခွဲ-၁(ယမုံနာလမ်း)၊ ရန်ကုန်(၇၉)လှိုင်ဘဏ်ခွဲ(ပါရမီလမ်း)၊ ထီးချိုင့်ဘဏ်ခွဲ၊ ရန်ကုန်(၈၀)ကမာရွတ်ဘဏ်ခွဲ(ဗဟိုလမ်း)၊ ရန်ကုန်(၈၁) တာမွေဘဏ်ခွဲ(နတ်မောက်လမ်း)၊ နတ်တလင်းဘဏ်ခွဲ၊ ပင်လောင်းဘဏ်ခွဲ၊ အထောင်ဘဏ်ခွဲ၊ ရန်ကုန်(၈၂)ဒေါပုံဘဏ်ခွဲ-၂၊ အလုံဘဏ်ခွဲရန်ကုန်(၈၃)၊ ရေး၊ ပြင်ဦးလွင်၊ ကျိုင်းတုံ ၊ မိတ္ထီလာ၊ သိမ်ဖြူ၊ ဘားအံ့၊ ဇီးကုန်း၊ မင်္ဂလာတောင်ညွှန့်၊ ယုဇနဥယျဉ်မြို့တော်၊ ရပ်စောက်၊ ရန်ကင်း။

နေပြည်တော်ရှိငွေလွှဲပေးပို့နိုင်သောနေရာ(၉)နေရာ

ဇေယျာသီရိကုန်တိုက်၊ မြို့မစျေး၊ ရွှေကြာပင်၊ လယ်ဝေး၊ သပြေကုန်းစျေး၊ သီရိမင်္ဂလာအဆင့်မြင့်စျေး၊ သီရိရတနာအဆင့်မြင့်စျေး၊ ဥတ္တရသီရိ၊ Capital၊

ရန်ကုန်မြို့ပေါ်ရှိငွေလွှဲပေးပို့နိုင်သောနေရာ(၄၇)နေရာ

ကမာရွတ်၊ ကျောက်တံတား၊ ကျောက်မြောင်း၊ ကြည့်မြင်တိုင်၊ စော်ဘွားကြီးကုန်း၊ စမ်းချောင်း၊ ညောင်ပင်လေးစျေး၊ တက္ကသိုလ်ရိပ်သာလမ်း၊ တောင်ဥက္ကလာပ၊ ဒဂုံ၊ ပါရမီ၊ ပိတောက်ချောင်း၊ ပုဇွန်တောင်၊ ပန်းဆိုးတန်း၊ ဗိုလ်တထောင်၊ ဗိုလ်အောင်ကျော်၊ ဘုန်းကြီးလမ်း၊ ဘုရင့်နောင်၊ မင်္ဂလာဈေး၊မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြေနီကုန်း၊မြောက်ဒဂုံ၊မြောက်ဥက္ကလာ၊ယုဇနပလာဇာ၊ ရန်ကင်း၊ ရွှေဂုံတိုင်၊ ရွှေဘုံသာ၊ ရွှေတောင်တန်း၊ ရွှေဗဟိုပလာဇာ၊ ရွှေမင်္ဂလာစျေး၊ လသာ၊ လမ်းမတော်၊ လှိုင်၊ လှိုင်သာယာ၊ ဝါးတန်း၊ သုဝဏ္ဏ၊ သိမ်ဖြူ၊ သီရိမင်္ဂလာစျေး၊ သီရိရတနာစျေး၊ သင်္ဃန်းကျွန်း၊ အလုံ၊အင်းစိန်၊အင်းလျားလမ်း၊အောင်ဆန်းကွင်း၊အောင်မင်္ဂလာ၊ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း

မန္တလေးမြို့ပေါ်ရှိငွေလွှဲပေးပို့နိုင်သောနေရာ(၁၉)နေရာ

ကျွဲဆည်ကန်၊ ကဉ္စဏမဟီရပ်၊ စက်မှုဇုံ(၁)၊ စျေးချို၊ စွယ်တော်၊ ပြည်ကြီးမန္တလေးကားဝင်း၊ ဆိုင်တန်း၊ ပွဲရုံတန်းစွယ်တော်၊ ပြည်ကြီးမျက်ရှင်၊ ဘူတာကြီး၊ မန်းမြို့စျေး၊ ရတနာပုံ(ဒိုင်းမွန်းပလာဇာ)၊ ရန်မျိုးလုံရပ်၊ ၁၉လမ်း(၈၀/၈၁)ကြား၊ ၂၆လမ်း(၈၀/၈၁)ကြား ၂၆လမ်းနှင့် ၈၀လမ်းဒေါင့်၊ ၃၅လမ်း(၈၉/၉၀)ကြား၊ ၆၂လမ်း(မနော်ဟရီနှင့် စိန်ပန်းလမ်း)ကြား၊၇၈လမ်း

မော်လမြိုင်မြို့ပေါ်ရှိငွေလွှဲပေးပို့နိုင်သောနေရာ(၄)နေရာ

စျေးကြို၊ ဇက်တန်း၊ ရွှေတောင်ရပ်၊ လေးထပ်စျေး၊

 

MPU Debit Card ဖြင့် ရန်ကုန်မြို့တော်ဘဏ်နှင့် ဘဏ်များအားလုံး၏ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ATM Card ဖြင့် လစဉ် လစာထုတ်ပေးလိုသည့် အဖွဲ့အစည်း၊ Company များတို့ကိုလည်း ဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာရှိများ၏ လစာများ၊ အငြိမ်းစားဝန်ထမ်းများ၏ လစဉ် ပင်စင်လစာငွေများကို ATM ဖြင့် ငွေထုတ်ယူ လိုပါက စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရန်ကုန်မြို့တော်ဘဏ်မှ Bill Collection အားဆောင်ရွက်ပေးလျက်ရှိပါသည်။ e - ချလံဖြင့် ငွေသွင်းခြင်းကို ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ် ကျောက်တံတားဘဏ်ခွဲ၊ ဘုရင့်နောင်ဘဏ်ခွဲ ၊ အောင်မင်္ဂလာဘဏ်ခွဲနှင့် မြို့နယ်အသီးသီးရှိ ဧရာဝတီဘဏ်ခွဲများအနက် ကြိုက်နှစ်သက်ရာဘဏ်၌ ပေးသွင်းနိုင်ပါသည်။ e - ချလံဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အခွန်အခများကို ငွေပေးသွင်းခြင်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

ရန်ကုန်မြို့တော်ဘဏ်နှင့် မန္တလေးမြို့ရှိ ရတနာပုံဘဏ်

မြဝတီဘဏ်ခွဲများရှိရာ မြို့ပေါင်း (၂၉)မြို့

ရိုးမဘဏ်ခွဲများရှိရာ မြို့ပေါင်း (၅၀)မြို့သို့ ယခု ကမ္ဘာ့ရတနာဘဏ် (မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်)

လီမိတက်ဘဏ်ခွဲများရှိရာ မြို့ပေါင်း (၆၈)မြို့သို့ ငွေများအပြန်အလှန်ငွေလွှဲပေးပို့နိုင်ပါပြီ။

မြဝတီဘဏ်ခွဲများရှိရာမြို့များ

မြဝတီဘဏ်(ရန်ကုန်)၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ဖားကန့်(အထူးဒေသ)၊ ပုသိမ်၊ ဘုရင့်နောင်ဘဏ်ခွဲ(ရန်ကုန်)၊ ကျောက်ဆည်၊ ပျဉ်းမနား၊ မြိတ်၊ နေပြည်တော်၊ မကွေး၊

မော်လမြိုင်၊ ပျော်ဘွယ်၊ ဟင်္သတ၊ သင်္ဃန်းကျွန်း၊ ပြည်၊ စစ်တွေ၊ ပခုက္ကူ၊ စော်ဘွားကြီးကုန်း၊ မြင်းခြံ၊ လားရှိုး၊ တာချီလိတ်၊ မူဆယ်၊ ဂန္ဓမာ(ရန်ကုန်)၊ အင်းစိန်၊

လမ်းမတော်၊ ဗိုလ်တထောင်၊ ကျွဲဆည်ကန်(မန္တလေး)

ရိုးမဘဏ်ရန်ကုန်ဘဏ်ခွဲများ

ရန်ကုန်ပင်မ၊(FMI Center)၊ မြေနီကုန်း၊ ဗိုလ်တထောင်၊ လမ်းမတော်၊ ကျောက်တံတား၊ ရန်ကင်း၊ မင်္ဂလာစျေး၊ သင်္ဃန်းကျွန်း၊ အလုံ၊ ဘုရင့်နောင်၊ လှိုင်သာယာ၊

အင်းစိန်၊ မရမ်းကုန်း၊ စော်ဘွားကြီးကုန်း၊

ရိုးမဘဏ်၊ မန္တလေးဘဏ်ခွဲများ

မန္တလေး(ပင်မ)၊ မန်းမြို့စျေး၊ ၇၈ လမ်း၊ ဆိုင်တန်းကျွဲဆည်ကန်၊

ရိုးမဘဏ်အခြားမြို့များရှိဘဏ်ခွဲများ

ပြင်ဦးလွင်၊ မူဆယ်၊ လားရှိုး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မုံရွာ၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ ကလေး၊ အောင်ပန်း၊ ကျောက်မဲ၊ ပြည်၊ မကွေး၊ အောင်လံ၊

တောင်တွင်းကြီး၊ မြောင်းမြ၊ ပုသိမ်၊ စစ်တွေ၊ ဘားအံ၊ မော်လမြိုင်၊ ရွှေဘို၊ တောင်ငူ၊ ကြို့ပင်ကောက်၊ ညောင်လေးပင်၊ မင်းဘူး၊ တောင်ကြီး၊ ပေါင်းတည်၊ ပျော်ဘွယ်၊

မြိတ်မြို့။

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ခွဲများရှိရာမြို့များ

ရန်ကုန်(ရုံးချုပ်)၊ ဘုရင့်နောင်၊ မြိတ်၊ မန္တလေး၊ မော်လမြိုင်၊ မူဆယ်၊ ဖျာပုံ၊ သံတွဲ၊ စစ်တွေ၊ မောင်တော၊ တောင်ကုတ်၊ ဘိုကလေး၊ လပ္ပတ္တာ၊ ထားဝယ်၊ ကော့သောင်း၊

ကြည့်မြင်တိုင်၊ အောင်မင်္ဂလာ၊ ယုဇနပလာဇာ၊ ဘားအံ၊ ရွှေဘုံသာ၊ ရွှေတောင်တန်း၊ မြဝတီ၊ ရွှေဗဟိုပလာဇာ၊ ညောင်ပင်လေးစျေး၊ သီရိမင်္ဂလာစျေး၊ ရေး၊ မင်းဘူး၊

စစ်ကိုင်း၊ မုံရွာ၊ ပြည်၊ ပဲခူး၊ မြောင်းမြ၊ စော်ဘွားကြီးကုန်း၊ လားရှိုး၊ ရွှေဘို၊ ပခုက္ကူ၊ အောင်ပန်း၊ ပုသိမ်၊ ကျွဲဆည်ကန် (မန္တလေး)၊ မုဒုံ၊ ကျောက်ဖြူ၊ မော်လမြိုင်ကျွန်း၊

ဆိုင်းတန်း(မန္တလေး)၊ သံဖြူဇရပ်၊ မိတ္ထီလာ၊ သထုံ၊ ဒိုက်ဦး၊ ရတနာပုံ-ဒိုင်းမွန်းပလာဇာ၊ မန္တလေးဘဏ်ခွဲ၊ ကောလင်း၊ မြင်းခြံ၊ နေပြည်တော်၊ ပိတောက်ချောင်း၊ ခရမ်း၊

ဖြူး၊ ကျိုက်ထို၊ သုံးခွ၊ မော်လမြိုင်-၂၊ ကြို့ပင်ကောက်၊ အောင်လံ၊ စလင်း၊ ပျဉ်းမနား၊ ကျောက်မဲ၊ ပင်းတယ၊ ဝေါ၊ ဘီလူးကျွန်း၊ ပုလော၊ သရက်၊ ဘီလင်း။

ရန်ကုန်မြို့တော်ဘဏ်မှဆောင်ရွက်ပေးလျက်ရှိသည့်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ

၁။ ငွေစုဘဏ်အပ်ငွေများကို တစ်နှစ်လျှင် ၈.၅၀% အတိုးနှုန်းဖြင့် (၆)လတစ်ကြိမ် အတိုးထည့်ပေးပါသည်။ ကန့်သတ်ချက်မရှိ ငွေအပ်နှံနိုင်ပါသည်။

၂။ စာရင်းရှင်အပ်ငွေများ လက်ခံဆောင်ရွက်ပေးပါသည်။ ကန့်သတ်ချက်မရှိ ငွေအပ်နှံနိုင်ပါသည်။

၃။ ဘဏ်ငွေပေးအမိန့်လွှာ (Payment Order) ဘဏ်အာမခံလက်မှတ် (Certified Cheque) ဆောင်ရွက်ပေးပါသည်။

၄။ ချေးငွေ များအား ငွေချေးလိုသူများသို့ ထုတ်ချေးပေးလျက်ရှိပါသည်။ စာရင်းပိုထုတ်ချေးငွေများကို တစ်နှစ်လျှင် ၁၂%အတိုးနှုန်းဖြင့် ချေး၍ (၃)လ တစ်ကြိမ် အတိုးကောက်ခံပါသည်။

၅။ စာရင်းသေအပ်ငွေများ (Fixed Deposit) အပ်နှံနိုင်ပါသည်။

စာရင်းသေအပ်ငွေ (၃)လ အတိုးနှုန်း ၉.၂၅% ပေးပါသည်။

စာရင်းသေအပ်ငွေ (၆)လ အတိုးနှုန်း ၉.၅ဝ% ပေးပါသည်။

စာရင်းသေအပ်ငွေ (၉)လ အတိုးနှုန်း ၉.၇၅% ပေးပါသည်။

စာရင်းသေအပ်ငွေ (၁၂)လ အတိုးနှုန်း ၁၀.ဝဝ% ပေးပါသည်။

၆။ ငွေလွှဲလုပ်ငန်းများ ရန်ကုန်မြို့တော်ဘဏ်နှင့် မန္တလေးမြို့ရှိ ရတနာပုံဘဏ်၊ မြဝတီဘဏ်ခွဲများရှိရာ မြို့ပေါင်း (၂၉) မြို့၊ ရိုးမဘဏ်ခွဲများရှိရာ မြို့ပေါင်း (၅၀)မြို့၊

ယခုကမ္ဘာ့ရတနာဘဏ် ယခင် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ခွဲရှိရာ မြို့ပေါင်း (၆၈)မြို့သို့ အပြန်အလှန် ငွေလွှဲများ ပေးပို့နိုင်ပါသည်။

Website လိပ်စာ

https://www.ycdc.gov.mm