MEO Class I, II, III, ETO, BoE ရေးဖြေစာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်း

MEO Class I, II, III, ETO, BoE ရေးဖြေစာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 11, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူသည် -

(က)     MEO Class I, II ဖြေဆိုမည့်သူ ဖြစ်ပါက သက်ဆိုင်ရာ သင်တန်း ကျောင်း၏ Course Completion လက်မှတ်ရှိရမည်။

( ခ )     MEO Class III ဖြေဆိုမည့်သူ ဖြစ်ပါက သက်ဆိုင်ရာ သင်တန်း ကျောင်း၏ Course Completion လက်မှတ်ရှိရမည်။

( ဂ )     MEO Class III ဖြေဆိုမည့်သူသည် MMU, MMMC ကျောင်းဆင်း ဖြစ်ပါက Workshop Skills လက်မှတ် ရရှိပြီး E/C (or ) Oiler Sea service (၉)လ နှင့် OTRB အတည်ပြုချက်ရှိရမည်။ ဝင်ခွင့် စာမေးပွဲဖြေဆိုရမည်။

(ဃ)     ETO ဖြေဆိုမည့်သူ ဖြစ်ပါက သက်ဆိုင်ရာ သင်တန်းကျောင်း၏ Course Completion လက်မှတ်ရှိရမည်။

ဝန်ဆောင်ခ

သက်ဆိုင်ရာ ရေးဖြေစာမေးပွဲကြေး ပေးသွင်းရပါမည်။

လိုအပ်သော စာရွက်စာတမ်းများ

(က)     MEO Class I, II ဖြေဆိုမည့်သူဖြစ်ပါက Result Sheet (MED-40), CoC, Course Completion Certificate, Eye test မူရင်းနှင့်မိတ္တူ CDC မိတ္တူ နှင့် ဓာတ်ပုံ (၂)ပုံ

( ခ )     MEO Class III ဖြေဆိုမည့်သူ ဖြစ်ပါက Result Sheet (MED-40), Course Completion Certificate, Eye test မူရင်းနှင့်မိတ္တူ Workshop Skills Certificate (or) J/E fit, CDC မိတ္တူ နှင့် ဓာတ်ပုံ (၂)ပုံ

(  ဂ )     MEO Class III ဖြေဆိုမည့်သူသည် MMU, MMMC ကျောင်းဆင်းဖြစ်ပါက Result Sheet (MED-40), Eye test မူရင်းနှင့်မိတ္တူ Workshop Skills Certificate (or) J/E fit, ဘွဲ့လက်မှတ်၊ CDC မိတ္တူ နှင့် ဓာတ်ပုံ (၂)ပုံ

(ဃ)      ETO ဖြေဆိုမည့်သူ ဖြစ်ပါက Course Completion Certificate, Eye test မူရင်းနှင့်မိတ္တူ Workshop Skills Certificate, CDC မိတ္တူ နှင့် ဓာတ်ပုံ (၂)ပုံ

လျှောက်ထားရန် အဆင့်များ

အခြေခံလိုအပ်ချက်များ ပြည့်စုံပါက ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲ ဌာနစိတ်တွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည် ဖြစ်ပါသည်။ ပြည့်စုံပါက စာမေးပွဲဖြေဆိုမည့်သူ စာရင်းတွင် ထည့်သွင်း၍ ကျောင်းသားကဒ် ထုတ်ပေးပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

Website လိပ်စာ

မရှိပါ။



ဝန်ဆောင်မှု (အွန်လိုင်း) - ၂ ခု

စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း

စက်မှုဝန်ကြီးဌာန / September 30, 2021

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ...

Rating

အမျိုးသားလွှတ်တော် ဧည့်ဝန်ဆောင်မှု

အမျိုးသားလွှတ်တော် / September 26, 2018

Rating
HOT NEWS
January 4,