Certificate of Approval- CoA
Certificate of Approval- CoA
စက်မှုဝန်ကြီးဌာန / August 19, 2024
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ၊ မော်တော်ယာဉ်ထုတ်လုပ်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးအဖွဲ့မှ ထုတ်ပေးလျက်ရှိသော ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော မော်တော်ယာဉ်နှင့်နှစ်ဘီး/သုံးဘီး မော်တော်ဆိုင်ကယ်၊ နောက်တွဲယာဉ် နှင့်လယ်ယာသုံးယာဉ်များအတွက် Certificate of Approval(CoA) လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များမှာ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါသည်-
အခြေခံ လိုအပ်ချက်များ |
(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ရရှိပြီးဖြစ်ရမည်။
( ခ ) ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် ရရှိပြီးဖြစ်ရမည်။
( ဂ ) မော်တော်ယာဉ်ထုတ်လုပ်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးအဖွဲ့၏ စက်ရုံစစ်ဆေးခြင်း ခံယူပြီး ဖြစ်ရမည်။
ဝန်ဆောင်ခ (ယာဉ်စစ်ဆေးခ) |
(က) မော်တော်ယာဉ် Pay Load (1) Ton အောက် - ၃၀,၀၀ဝိ/-
( ခ ) မော်တော်ယာဉ် Pay Load (1) Ton နှင့်အထက် - ၄၀,၀၀ဝိ/-
( ဂ ) နှစ်ဘီးမော်တော်ဆိုင်ကယ် - ၃,၀၀ဝိ/-
(ဃ) သုံးဘီးမော်တော်ဆိုင်ကယ်(၄-ယောက်စီး) - ၅,၀၀ဝိ/-
( င ) သုံးဘီးမော်တော်ဆိုင်ကယ်(၄-ယောက်စီး)အထက် - ၇,၀၀ဝိ/-
( စ ) နောက်တွဲယာဉ် - ၄၀,၀၀ဝိ/-
(ဆ) လယ်ယာသုံးယာဉ် - ၇,၀၀ဝိ/-
လိုအပ်သော စာရွက်စာတမ်းများ |
(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်
( ခ ) စစ်ဆေးခံမည့် ယာဉ်များ၏ အင်ဂျင်နံပါတ်နှင့်ဘောင်နံပါတ်စာရင်း
( ဂ ) စစ်ဆေးခံမည့် ယာဉ်၏ Specification နှင့် ဓါတ်ပုံ
(ဃ) သင်္ဘောတင်စာရွက်စာတမ်း အထောက်အထားများ
လျှောက်ထားရန်အဆင့်များ
(1) စက်မှုဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားနိုင်ပါသည်။