မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

ဝန်ဆောင်မှု (အော့ဖ်လိုင်း) - ၂၁ ခု

ဗွီဒီယို လုပ်ငန်းသစ်/ သက်တမ်းတိုး လျှောက်ထားခြင်း (မကွေးတိုင်းဒေသကြီး)

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ / September 23, 2021

ဗွီဒီယို လုပ်ငန်းသစ်/ သက်တမ်းတိုးခြင်း ခွင့်ပြုပါရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားနိုင်ပါသည်။

Rating

Government Private Cloud (Hosting) ဝန်ဆောင်မှုများ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / September 25, 2020

Rating

''ebago'' Mobile Application အား အသုံးပြုနိုင်ကြောင်း အသိပေးခြင်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ / February 26, 2019

Rating

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / June 24, 2020

အများပြည်သူအနေဖြင့် မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online အသုံးပြုရှာဖွေခြင်း ဝန်ဆောင်မှုကို ရယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အများပြည်သူအနေဖြင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနရှိ စုဆောင်းထားသော လွတ်လပ်ရေး မရမီခေတ် (၁၈၂၄ - ၁၉၄၈) မော်ကွန်းများအား Register ဆောင်ရွက်ပြီးသော User များအနေဖြင့် National Archives Information System (NAIS Database) တွင် ဝင်ရောက်ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မော်ကွန်းမှတ်တမ်း အထောက်အထားများအား Download ရယူ ဆောင်ရွက်လိုပါက e-Payment စနစ် အသုံးပြု၍ ဤဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ဘဲ Online ဖြင့် Download ရယူ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် စုဆောင်းထားသည့် မော်ကွန်းမှတ်တမ်းများမှာ မော်ကွန်းအုပ်စု (၂၉) အုပ်စုနှင့် ခေတ်အဆက်ဆက်အစိုးရ ထုတ်ဝေသော ပုံနှိပ်မော်ကွန်းတို့ဖြစ်ပြီး အကြောင်းအရာများ အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှု၊ ချမှတ်ခဲ့သော မူဝါဒများ၊ မူဝါဒကို အကောင်အထည်ဖော်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတော်၏ ပိုင်ဆိုင်မှု များဖြစ်သည့် နယ်နမိတ်စာချုပ်များ၊ လွတ်လပ်ရေး ရယူရန်အတွက် လက်မှတ်ရေးထိုးခဲ့သော စာချုပ် စာတမ်းများ၊ ပြည်ပနိုင်ငံများနှင့်သံတမန်ဆက်သွယ် ဆောင်ရွက်ခြင်းဆိုင်ရာ ကြေညာချက်များ၊ စီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပချုပ်ဆိုသော စာချုပ်စာတမ်း/ စာချွန်လွှာများ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြန်တမ်း၊ အရေးကြီး အစည်းအဝေးမှတ်တမ်းများ၊ ပြည်နယ်တိုင်းများရဲ့ Gazetteers များ၊ အစီရင်ခံစာများ၊ စီမံကိန်း၊ စီမံချက်၊ ကိန်းဂဏန်း စာရင်းအင်းများစသဖြင့် မော်ကွန်း/မှတ်တမ်းများ ဖြစ်ပြီး၊ အကျုံးဝင် ကာလ အနေဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကာလမှ ယနေ့အထိ (၁၈၂၄-၂၀၂၀ ပြည့်နှစ်) ဖြစ်ပြီး နိုင်ငံတော်၏ သမိုင်းစာမျက်နှာတွင် အထင်ကရမော်ကွန်း မှတ်တမ်းများ ဖြစ်ပါသည်။ အထက်ဖော်ပြပါ မော်ကွန်းမှတ်တမ်းများကို ဒစ်ဂျစ်တယ်ပုံစံ၊ မိုက်ခရိုဖလင်များ၊ မိုက်ကရို ဖစ်(ချ်)များ၊ ကက်ဆက်တိပ်ခွေများ၊ နှုတ်ပြောသမိုင်းများ (Oral History)၊ ဗွီဒီယိုအခွေများ၊ စီဒီများ၊ ဓါတ်ပြားများ၊ ဆလိုက်ဖလင်များ၊ ရုပ်ရှင်ဖလင်များနှင့် ဓါတ်ပုံများကို စက္ကူမဟုတ်သည့် မှတ်တမ်း မော်ကွန်းများအဖြစ် ထိန်းသိမ်းထားပါသည်။ အဆိုပါ မှတ်တမ်းမော်ကွန်းများအား ရှာဖွေဖတ်ရှု လေ့လာလိုပါက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်ရှာဖွေ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

http://www.nam.gov.mm

https://www.nam.gov.mm/SignIn.aspx

https://www.nam.gov.mm/bZbC18dI1w4gnSh.aspx?f=obOFZxCAsZyv4My1iijVxZI/epTWsSM6XScB/FQgd5bFX6zP40S/ZvJUyOkpuUuw

https://www.mopfi.gov.mm/sites/default/files/Researchers%20Guide%20(Myanmar).pdf