စတူဒီယိုရိုက်ကူးခွင့်လျှောက်ထားခြင်း
စတူဒီယိုရိုက်ကူးခွင့်လျှောက်ထားခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / April 19, 2018
ဝန်ဆောင်မှုရရှိရန် အခြေခံလိုအပ်ချက်များ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စတူဒီယိုအတွင်း ဌာနဆိုင်ရာများမှ အစီအစဉ်များ ရိုက် ကူးထုတ်လုပ်လိုပါကလည်းကောင်း၊ ပြင်ပအနုပညာရှင်၊ ဝါသနာရှင်များမှ (တေးဂီတ၊ အကျိုးပြုတေး၊ ဓမ္မပူဇာတေး၊ အကပဒေသာ၊ တိုင်းရင်းသားအက၊ သူ့လက်သံ၊ သီချင်းကြီး၊ မဟာဂီတ၊ ရိုးရာမဟာသင်္ကြန်အဆိုအက) အစီအစဉ်များ ရိုက်ကူးထုတ်လုပ်လိုပါက အောက်ပါ e-Service ဖောင်ပုံစံတွင် ဖြည့်သွင်းပေးပို့တောင်းခံနိုင်ပါသည်။ သတ်မှတ်ချက် များအနေဖြင့် ရိုက်ကူးခွင့်ကို (၁၀)ရက် ကြိုတင်ပေးပို့ရမည်ဖြစ်ပါသည်။ ရိုက်ကူးခွင့်ရမည့် နေ့ရက်၊ အချိန်တို့ကို e-mail ဖြင့် အကြောင်းပြန်ကြားပေးမည်ဖြစ်ပါသည်။
လိုအပ်သော စာရွက်စာတမ်းများ
ခွင့်ပြုချက်ရရှိလျှင် ရိုက်ကူးမည့်နေ့ရက်တွင် မှတ်ပုံတင် ယူဆောင်လာရမည်။
ဝန်ဆောင်ခ
မရှိပါ။
လျှောက်ထားရန်အဆင့်များ
- လျှောက်ထားသူအမည်
- နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
- ဌာနဆိုင်ရာကုမ္ပဏီအဖွဲ့အစည်း
- ရိုက်ကူးလိုသည့် အစီအစဉ်အမည်
- ရိုက်ကူးရေးပြုလုပ်လိုသည့်ရက်စွဲ
- တေးသီချင်းရိုက်ကူးလိုသူများအတွက် စာသားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ ပူးတွဲပေးပို့ရန်
- ရိုက်ကူးရေးပြုလုပ်ရာတွင် ပါဝင်မည့်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်များစာရင်း
- အစီအစဉ်နှင့်ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြရန်
- တေးသီချင်း၊ အသံဖိုင်၊ ဗီဒီယိုဖိုင်များ၏ Drop Box Link
ဆက်သွယ်ရမည့်လိပ်စာ
အသံလွှင့်ဌာနခွဲ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း)
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာ
အသံလွှင့်ဌာနခွဲ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း)