ပြည်တွင်းသင်္ဘောသားအသက်အာမခံ
ပြည်တွင်းသင်္ဘောသားအသက်အာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 28, 2024
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
ပြည်တွင်းသင်္ဘောသားအသက်အာမခံကို အသက် (၁၈) နှစ် မှ (၆၀) နှစ်အတွင်းရှိသူ သင်္ဘောသားများ/ရေလုပ်သားများ ထားရှိနိုင်ပါသည်။ အသက် ၆၀ နှစ်အထက် ကျော်လွန်ပါက အပိုပရီမီယံကြေး ပေးသွင်းဝယ်ယူနိုင်ပါသည်။
ဝန်ဆောင်ခ
အာမခံထားသူ၏ အသက် (၆၀) နှစ်အထိ အာမခံထားငွေ ကျပ် သိန်း(၁၀၀) အတွက် ကျသင့်ပရီမီယံမှာ ကျပ် ၆၀,၀၀၀/- ဖြစ်ပါသည်။ အာမခံထားသူ၏ အသက် (၆၀) နှစ်အထက်ဖြစ်ပါက အာမခံထားငွေ ကျပ် သိန်း(၁၀၀) အတွက် ကျသင့်ပရီမီယံမှာ ကျပ် ၇၀,၀၀၀/- ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
သင်္ဘောသားမှတ်ပုံတင်အမှတ် (SIRB) မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တင်ပြရပါမည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံပေးသွင်းခြင်း
အဆင့်-၃
အာမခံလက်မှတ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- ပြည်တွင်းသင်္ဘောသားအသက်အာမခံ လက်ခံခြင်းအား ကွန်ပျူတာစနစ်ဖြင့် အဆို လွှာလက်ခံခြင်း၊ ပရီမီယံငွေရပြေစာ ထုတ်ပေးခြင်းနှင့် ပြည်တွင်းသင်္ဘောသား အသက်အာမခံ လက်မှတ်များအား စနစ်မှ တိုက်ရိုက်ထုတ်ပေးလျက်ရှိပါသည်။
- အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိမှုအတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ သေဆုံးမှုအကျိုးခံစားခွင့်
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်းနှင့်ပြေစာမိတ္တူ
- သေဆုံးကြောင်းရေယာဉ်ပိုင်ရှင်၏အကြောင်းကြားစာ
- ရေယာဉ်/တွဲလိုင်စင် (သို့မဟုတ်) ရေယာဉ်/တွဲအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်နှင့် ပို့ဆောင်ခွင့်လိုင်စင်
- ရေယာဉ်မှူး (သို့မဟုတ်) ရေယာဉ်အုပ်/အင်ဂျင်နီယာအရာရှိ (သို့မဟုတ်) စခန်းအုပ်လက်မှတ်
- သက်ဆိုင်ရာဆိပ်ကမ်း၏ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်
- သင်္ဘောသားများစာရင်းနှင့်သင်္ဘောသား(၂)ဦး၏မျက်မြင်ထွက်ဆိုချ်
- အလောင်းမရရှိပါက ၁ နှစ် ဆိုင်းငံ့ပြီးမှအကျိုးခံစားခွင့်ရရှိမည်။
၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွ့
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်းနှင့်ပြေစာမိတ္တူ
- ဒဏ်ရာရရှိကြောင်းရေယာဉ်ပိုင်ရှင်၏အကြောင်းကြားစာ
- ဒဏ်ရာရရှိမှုပေါ်လွင်သည့်ဓာတ်ပုံ
- ရေယာဉ်/တွဲလိုင်စင် (သို့မဟုတ်) ရေယာဉ်/တွဲအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်နှင့် ပို့ဆောင်ခွင့်လိုင်စင်
- ရေယာဉ်မှူး (သို့မဟုတ်) ရေယာဉ်အုပ်/အင်ဂျင်နီယာအရာရှိ (သို့မဟုတ်) စခန်းအုပ်လက်မှတ်
- သက်ဆိုင်ရာဆိပ်ကမ်း၏ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်
- သင်္ဘောသားများစာရင်းနှင့်သင်္ဘောသား(၂)ဦး၏မျက်မြင်ထွက်ဆိုချက်
၃။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်းရေယာဉ်ပိုင်ရှင်၏အကြောင်းကြားစာ
- ရေယာဉ်/တွဲလိုင်စင် (သို့မဟုတ်) ရေယာဉ်/တွဲအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်နှင့် ပို့ဆောင်ခွင့်လိုင်စင်
- ရေယာဉ်မှူး (သို့မဟုတ်) ရေယာဉ်အုပ်/အင်ဂျင်နီယာအရာရှိ (သို့မဟုတ်) စခန်းအုပ်လက်မှတ်
- သက်ဆိုင်ရာဆိပ်ကမ်း၏ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်
- သင်္ဘောသားများစာရင်းနှင့်သင်္ဘောသား(၂)ဦး၏မျက်မြင်ထွက်ဆိုချက်
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
- ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024
သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...