နှစ်တိုငွေပင်ငွေပင်ရင်းအသက်အာမခံ
နှစ်တိုငွေပင်ငွေပင်ရင်းအသက်အာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 15, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက် ၁၀ နှစ် မှ ၆၀ နှစ် အတွင်း ထားရှိနိုင်ပါသည်။ အသက် ၁၀ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။
ဝန်ဆောင်ခ
အာမခံထားငွေအနည်းဆုံးကျပ် (၁၀)သိန်း မှ အများဆုံး ကျပ်သိန်း(၅၀၀)အထိ ထားရှိနိုင် ပါသည်။ အာမခံထားငွေ၊ အာမခံသက်တမ်းနှင့် အသက်ပေါ်မူတည်၍ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အာမခံထားငွေကျပ်(၁၀)သန်းအထက် ကျော်လျှင်သော်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုဆရာဝန်(သို့မဟုတ်)ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ် ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုးဆေးစစ်ချက်များအား တင်ပြရပါမည်။)
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း
အဆင့်-၃
အာမခံပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီးလက်ခံလွှာ၊ စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
- နှစ်တိုငွေပင်ငွေရင်းအသက်အာမခံတွင် ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန် တောင်းခံငွေများ ထုတ်ပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ နှစ်စေ့အကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၂။ ချေးငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာ
၃။ အမ်းငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၄။ ပေါ်လစီကိုစာရင်းပိတ်ခြင်း
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- စာရင်းပိတ်မည်ဖြစ်ကြောင်းပေါ်လစီရှင်၏အကြောင်းကြားစာ
၅။ သေဆုံးမှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
၆။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
- ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
၇။ တန်ဖိုးလျော့တောင်းခံငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၈။ ကော်မရှင်ပေးခြင်း
- နှစ်တိုငွေပင်ငွေရင်းအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို အာမခံ သက်တမ်းစသည့် ပထမနှစ်တွင် ပေးသွင်းသည့်ပရီမီယံပေါ်မှ ၁၅ ရာခိုင်နှုန်း၊ ကျန်သက်တမ်း တစ်လျောက်တွင် တည်မြဲရေးပရီမီယံပေါ်မှ ၃ ရာခိုင်နှုန်း ခံစားခွင့်ပြုမည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။