လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက် ၆ နှစ် မှ ၇၅ နှစ် အထိ အသက်အုပ်စုခွဲ၍ ထားရှိနိုင်ပါသည်။ အသက် ၆ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။
ဝန်ဆောင်ခ
အသက်ပိုင်းအခြားအရ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အဆိုလွှာတွင်ဖြည့်စွက်ခြင်း
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံပေးသွင်းခြင်း
အဆင့်-၃
အာမခံလက်မှတ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- ဆေးရုံတက်ရောက်ကုသမှုခံယူပါက အာမခံလက်ခံသူသို့ ကြိုတင်အကြောင်းကြား ရမည်ဖြစ်ပြီး ဆေးရုံမှဆင်းပြီး အလုပ်လုပ်ရက် (၁၀) ရက် အတွင်း ဆေးကုသမှု မှတ်တမ်းနှင့်တကွ အကျိုးခံစားခွင့်တောင်းခံနိုင်ပါသည်။ အာမခံလက်ခံသူမှ ထပ်မံတောင်းခံလာသော လိုအပ်ချက်များကို ၃ လ အတွင်း ပေးပို့ရပါမည်။
- မတော်တဆထိခိုက် သေဆုံးသည့်အခါ အကျိုးခံစားခွင့် ကျပ် ၅ သိန်း၊ ရောဂါကြောင့် ဆေးရုံတက်ခြင်း/ မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း အတွက် ဆေးရုံတက်ရက် ၁ ရက် ကျပ် ၅၀၀၀/-၊ ဖြင့် အများဆုံး ရက်ပေါင်း ၆၀ အထိ အကျိုးခံစားခွင့်ရရှိမည် ဖြစ်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
(ဂ) လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ
၁။ ရောဂါကြောင့်ဆေးရုံတက်ခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
၂။ မတော်တဆမှုကြောင့်ဆေးရုံတက်ခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
၃။ မတော်တဆမှုကြောင့်သေဆုံးခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးမှုလက်မှတ်/အထောက်အထားမိတ္တူ
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
၄။ ကော်မရှင်ပေးခြင်း
- ကျန်းမာရေးအာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၁၀ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။