ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ထုတ်ပေးခြင်း
-
ကဏ္ဍများ
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ထုတ်ပေးခြင်း
အလုပ်သမားဝန်ကြီးဌာန / April 10, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်လျှောက်ထားလိုသူသည် ကုမ္ပဏီတည်ထောင်ပြီး ကုမ္ပဏီမှတ်ပုံတင် လက်မှတ် ရရှိပြီးဖြစ်ရမည်။ နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ရမည်။
ဝန်ဆောင်ခ
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင် -
လိုင်စင်အာမခံကြေး - ကျပ် ၃၀ သိန်း (လုပ်ငန်းရပ်ဆိုင်း၍ လိုင်စင်ပြန်လည်ပြန်လည်အပ်နှံသည့်အခါ ပြန်လည်ထုတ်ယူခွင့်ရှိသည်)
လိုင်စင်နှစ်စဉ်ကြေး - ကျပ် ၅၀၀၀၀ိ/-
လိုအပ်သောစာရွက်စာတမ်းများ
- ကုမ္ပဏီ၏လျှောက်လွှာ၊
- MD ၏CV Form၊
- ကုမ္ပဏီမှတ်ပုံတင်၊
- Form VI, Form XXVI၊
- သင်းဖွဲ့စည်းမျဉ်း၊
- ရုံးခန်းဖွဲ့စည်းပုံဓာတ်ပုံ၊
- ကုမ္ပဏီ၏ ဝန်ထမ်းစာရင်း၊
- MD ၏ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံချက်၊
- MD ၏ ပြစ်မှု ကင်းရှင်းကြောင်း ရဲစခန်းထောက်ခံ ချက်၊
- MD ၏နိုင်ငံသားစိစစ်ရေး ကတ်၊
- MD ၏သန်းခေါင်စာရင်း
- MD ၏ အမည်ပေါက် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှု ပစ္စည်း၊
- စာချုပ် အထောက်အထား၊
- MD ၏ဓာတ်ပုံ
လျှောက်ထားရန်အဆင့်များ
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်သို့ MD ကိုယ်တိုင်လာရောက် လျှောက်ထားရမည်။
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
လိပ်စာ-ရုံးအမှတ်(၅၁)၊ နေပြည်တော်
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
နေပြည်တော်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
လိပ်စာ-ရုံးအမှတ်(၅၁)၊ နေပြည်တော်
Website လိပ်စာ
မရှိပါ
ဝန်ဆောင်မှု (အွန်လိုင်း) -
၁ ခု
ဆက်လက်ကြည့်ရှုရန်
www.myanmarjob.gov.mm မှ တစ်ဆင့် အလုပ်ရှင်မှ အလုပ်သမားရှာဖွေခြင်း နှင့် အလုပ်သမားမှ အလုပ်ရှာဖွေခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ / September 30, 2021
အွန်လိုင်း လျှောက်ထားနိုင်ပါသည်။
Rating
