နိုင်ငံခြားသားအလုပ်သမားမှတ်ပုံတင်ပြုလုပ်ပေးခြင်း
နိုင်ငံခြားသားအလုပ်သမားမှတ်ပုံတင်ပြုလုပ်ပေးခြင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / April 10, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ထောက်ခံချက် သို့မဟုတ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ ထောက်ခံချက်
ဝန်ဆောင်ခ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သို့မဟုတ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုသည့်ကာလ အတိုင်း -
သက်တမ်း (၁) နှစ် - ၁၁၀၀၀ိ/- ကျပ်
သက်တမ်း (၆) လ - ၅၅၀၀ိ/- ကျပ်
လိုအပ်သောစာရွက်စာတမ်းများ
- လျှောက်လွှာ၊
- ကိုယ်စားလှယ်လွှဲစာ၊
- ရင်းနှီးမြှုပ်နှံသူ၏ထောက်ခံချက်၊
- Employment Registration of Foreign Workers in Myanmar Form၊
- နိုင်ငံခြားသား၏ CV Form၊
- Contract of Employment၊
- ပတ်စ်ပို့မိတ္တူ၊
- လစာမှဝင်ငွေခွန်ပေးသွင်းထားသည့်ပြေစာ၊
- ကုမ္ပဏီ မှတ်ပုံတင်၊
- ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်၊
- မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် သို့မဟုတ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ကော်မတီ၏ထောက်ခံချက်၊
- ဓာတ်ပုံ
လျှောက်ထားရန်အဆင့်များ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့ ရုံးတွင်ဖွင့်လှစ်ထားသော အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ၊ တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုရုံးတွင် ဖွင့်လှစ်ထားသော အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနရုံးများတွင် လျှောက်ထားရမည်။
ဆက်သွယ်ရမည့်လိပ်စာ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်း အဖွဲ့
လိပ်စာ- အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်- ၀၁-၆၅၇၉၇၈
ထားဝယ်အထူးစီးပွားရေးဇုန်ရုံး
လိပ်စာ- ထားဝယ်အထူးစီးပွားရေးဇုန်
ဖုန်းနံပါတ်- -
သီလဝါအထူးစီးပွားရေးဇုန်ရုံး
လိပ်စာ- သီလဝါအထူးစီးပွားရေးဇုန်
ဖုန်းနံပါတ်- -
ကျောက်ဖြူအထူးစီးပွားရေးဇုန်ရုံး
လိပ်စာ- ကျောက်ဖြူအထူးစီးပွားရေးဇုန်
ဖုန်းနံပါတ်- -
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
ရန်ကုန်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်း အဖွဲ့၊ သီလဝါအထူးစီးပွားရေးဇုန်ရုံး
တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်အထူးစီးပွားရေးဇုန်ရုံး
ရခိုင်ပြည်နယ်
ကျောက်ဖြူအထူးစီးပွားရေးဇုန်ရုံး
Website လိပ်စာ
မရှိပါ