အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ Online မှ တိုင်ကြားခြင်း
အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ Online မှ တိုင်ကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် / June 23, 2022
တိုင်ကြားစာပုံစံ ဖြည့်သွင်းခြင်း
ဤတိုင်ကြားစာပုံစံသည် နစ်နာသူက အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။ မိမိ တိုင်ကြားခဲ့သော တိုင်ကြားစာ ၏ အနှစ်ချုပ်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။
ဖြစ်နိုင်ပါက၊တိုင်ကြားသူအနေဖြင့် တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များအား ထည့်သွင်းသင့်ပါသည်။
- မည်သည့်နေရာ၊ မည်သည့်အချိန်တွင် အဂတိလိုက်စားမှုက မည်သို့ ဖြစ်ပွားခဲ့သည်။
- မည်သူပါဝင်ခဲ့သည်။
- ၎င်းကို မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှုဟု ယူဆသည်။
တိုင်ကြားသူ၏ အောက်ဖော်ပြပါ အချက်အလက်များ ပါရှိရမည်-
(၁) အမည်
(၂) လက်မှတ် (စာတိုက်မှပေးပို့ပါက)
(၃) နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ
(၄) ဖုန်းနံပါတ်နှင့် ဆက်သွယ်ရန်လိပ်စာ
တိုင်ကြားစာပေးပို့ရန် နည်းလမ်းများ
(1) ၁။ လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း ရုံးဖွင့်ချိန် တနင်္လာနေ့မှ သောကြာနေ့ထိ (တရားဝင်ရုံးပိတ်ရက်များ မပါ) မနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ