ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၁၈နှစ် မှ ၆၂ နှစ်အတွင်းရှိသူဖြစ်ရမည်။

 

ဝန်ဆောင်ခ

အာမခံထားငွေ (၁)သိန်း မှ အများဆုံး သန်း(၁၀၀) အထိ အာမခံထားနိုင်သည်။ အာမခံသက်တမ်းသည် (၁)နှစ် သို့မဟုတ် (၂)နှစ်ဖြစ်ပြီး အသက်(၆၄)နှစ်ရှိသူဖြစ်ပါက (၁)နှစ်သက်တမ်းသာ အာမခံထားရှိနိုင်မည်ဖြစ်သည်။

 

လိုအပ်သောစာရွက်စာတမ်းများ

အာမခံထားငွေသိန်း(၃၀)အထိ ကျန်းမာကြောင်းဝန်ခံချက်၊ အာမခံထားငွေသိန်း(၃၀) အထက် ထားရှိမည်ဆိုလျှင် ကျန်းမာရေးစစ်ဆေးမှုခံယူရန်လိုအပ်ပါသည်။ အာမခံထားသူနှင့် ပေါ်လစီရှင်၏မှတ်ပုံတင် မိတ္တူ (သို့) အိမ်ထောင်စုစာရင်းမိတ္တူ ပေးရန်လိုအပ်ပါသည်။

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာ

အဆင့်-၂

ပရီမီယံတစ်ကြိမ်တည်းပေးသွင်းရမည်။

အဆင့်-၃

လက်ခံလွှာထုတ်ပေးခြင်း

အဆင့်-၄

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

    • အာမခံထားငွေကို တဖြည်းဖြည်းလျှော့ချသည့် (Decreasing Sum Insured) ပုံစံဖြင့်လည်းကောင်း၊ ပုံသေ (Fixed Sum Insured)ပုံစံဖြင့် လည်းကောင်း နှစ်မျိုးဝယ်ယူနိုင်သည်။
    • ပေါ်လစီရှင်များသည် ငွေထုတ်ချေးသည့် ဘဏ် (သို့) ငွေရေးကြေးရေး အဖွဲ့အစည်းမှသတ်မှတ်သည့် ချေးငွေပမာဏအတိုင်းအာမခံထားရှိရပါမည်။
    • ပေါ်လစီရှင်များသည် ငွေထုတ်ချေးသည့် ဘဏ် (သို့) ငွေရေးကြေးရေး အဖွဲ့အစည်းသို့သာ အကျိုးခံစားခွင့်လွှဲပြောင်းပေးရပါမည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့်ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း၏ တောင်းခံလွှာနှင့်နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်မိတ္တူ/သေဆုံးကြောင်းခိုင်လုံသောအထောက်အထား
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၂။ ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွ့

  • အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့်ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း၏ တောင်းခံလွှာနှင့်နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ကုသသည့်အထူးကုဆရာဝန်၏ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေထောက်ခံချက်
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၃။ ကော်မရှင်ပေးခြင်း

  • ပရီမီယံတစ်ကြိမ်းပေးနှစ်တိုချေးငွေအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင် နှုန်းထားကို တစ်ကြိမ်ပေးပရီမီယံပေါ်မှ ၅ ရာခိုင်နှုန်းခံစားခွင့်ပြုမည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။