ပြည်တွင်းသင်္ဘောသားအသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 28, 2024

 

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

ပြည်တွင်းသင်္ဘောသားအသက်အာမခံကို အသက် (၁၈) နှစ် မှ (၆၀) နှစ်အတွင်းရှိသူ သင်္ဘောသားများ/ရေလုပ်သားများ ထားရှိနိုင်ပါသည်။ အသက် ၆၀ နှစ်အထက် ကျော်လွန်ပါက အပိုပရီမီယံကြေး ပေးသွင်းဝယ်ယူနိုင်ပါသည်။

 

ဝန်ဆောင်ခ

အာမခံထားသူ၏ အသက် (၆၀) နှစ်အထိ အာမခံထားငွေ ကျပ် သိန်း(၁၀၀) အတွက် ကျသင့်ပရီမီယံမှာ ကျပ် ၆၀,၀၀၀/- ဖြစ်ပါသည်။ အာမခံထားသူ၏ အသက် (၆၀) နှစ်အထက်ဖြစ်ပါက အာမခံထားငွေ ကျပ် သိန်း(၁၀၀) အတွက် ကျသင့်ပရီမီယံမှာ ကျပ် ၇၀,၀၀၀/- ဖြစ်ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

သင်္ဘောသားမှတ်ပုံတင်အမှတ် (SIRB) မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တင်ပြရပါမည်။

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • ပြည်တွင်းသင်္ဘောသားအသက်အာမခံ လက်ခံခြင်းအား ကွန်ပျူတာစနစ်ဖြင့် အဆို လွှာလက်ခံခြင်း၊ ပရီမီယံငွေရပြေစာ ထုတ်ပေးခြင်းနှင့် ပြည်တွင်းသင်္ဘောသား အသက်အာမခံ လက်မှတ်များအား စနစ်မှ တိုက်ရိုက်ထုတ်ပေးလျက်ရှိပါသည်။
  • အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိမှုအတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်းနှင့်ပြေစာမိတ္တူ
  • သေဆုံးကြောင်းရေယာဉ်ပိုင်ရှင်၏အကြောင်းကြားစာ
  • ရေယာဉ်/တွဲလိုင်စင် (သို့မဟုတ်) ရေယာဉ်/တွဲအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်နှင့် ပို့ဆောင်ခွင့်လိုင်စင်
  • ရေယာဉ်မှူး (သို့မဟုတ်) ရေယာဉ်အုပ်/အင်ဂျင်နီယာအရာရှိ (သို့မဟုတ်) စခန်းအုပ်လက်မှတ်
  • သက်ဆိုင်ရာဆိပ်ကမ်း၏ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်
  • သင်္ဘောသားများစာရင်းနှင့်သင်္ဘောသား(၂)ဦး၏မျက်မြင်ထွက်ဆိုချ်
  • အလောင်းမရရှိပါက ၁ နှစ် ဆိုင်းငံ့ပြီးမှအကျိုးခံစားခွင့်ရရှိမည်။

 

၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွ့

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်းနှင့်ပြေစာမိတ္တူ
  • ဒဏ်ရာရရှိကြောင်းရေယာဉ်ပိုင်ရှင်၏အကြောင်းကြားစာ
  • ဒဏ်ရာရရှိမှုပေါ်လွင်သည့်ဓာတ်ပုံ
  • ရေယာဉ်/တွဲလိုင်စင် (သို့မဟုတ်) ရေယာဉ်/တွဲအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်နှင့် ပို့ဆောင်ခွင့်လိုင်စင်
  • ရေယာဉ်မှူး (သို့မဟုတ်) ရေယာဉ်အုပ်/အင်ဂျင်နီယာအရာရှိ (သို့မဟုတ်) စခန်းအုပ်လက်မှတ်
  • သက်ဆိုင်ရာဆိပ်ကမ်း၏ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်
  • သင်္ဘောသားများစာရင်းနှင့်သင်္ဘောသား(၂)ဦး၏မျက်မြင်ထွက်ဆိုချက်

 

၃။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်းရေယာဉ်ပိုင်ရှင်၏အကြောင်းကြားစာ
  • ရေယာဉ်/တွဲလိုင်စင် (သို့မဟုတ်) ရေယာဉ်/တွဲအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်နှင့် ပို့ဆောင်ခွင့်လိုင်စင်
  • ရေယာဉ်မှူး (သို့မဟုတ်) ရေယာဉ်အုပ်/အင်ဂျင်နီယာအရာရှိ (သို့မဟုတ်) စခန်းအုပ်လက်မှတ်
  • သက်ဆိုင်ရာဆိပ်ကမ်း၏ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်
  • သင်္ဘောသားများစာရင်းနှင့်သင်္ဘောသား(၂)ဦး၏မျက်မြင်ထွက်ဆိုချက်
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်