မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ရန်အတွက် လိုအပ်ချက်များ


ပြည်ထဲရေးဝန်ကြီးဌာန / July 18, 2022

၁။    ရဲတပ်သားသစ်တစ်ယောက်ဖြစ်ရန် လိုအပ်ချက်များ။    အောက်ပါအတိုင်းဖြစ်ပါသည်−
    (က)    တိုင်းဒေသကြီး/ပြည်နယ်နှင့် တပ်ဖွဲ့များအတွက် ရဲတပ်သားသစ်စုဆောင်းရန် အရည်အချင်း သတ်မှတ်ချက်များ 
        (၁)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ 
        (၂)    ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
        (၃)    ပညာအရည်အချင်း(၈)တန်းအောင်နှင့်အထက်ရှိရမည်။ 
        (၄)    အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။ 
        (၅)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ 
        (၆)    မျက်မြင် ၁၂ ချက်နှင့်ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။ 
        (၇)    အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။
    (ခ)    နယ်စပ်ဒေသရဲစခန်းများအတွက် ရဲတပ်သားသစ်စုဆောင်းရန် အရည်အချင်းသတ်မှတ် ချက်များ
        (၁)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
        (၂)    ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
        (၃)    ပညာအရည်အချင်း(၄)တန်းအောင်နှင့် အထက်ရှိရမည်။
        (၄)    အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
        (၅)    ဒေသခံဘာသာစကားတတ်ကျွမ်းသူဖြစ်ရမည်။
        (၆)    နယ်စပ်၊ တစ်ဖက်နိုင်ငံဘာသာစကား ရေး/ဖတ်/ပြောတတ်သူဖြစ်ရမည်။
        (၇)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
        (၈)    ဒေသအတွင်း အမြဲတမ်းတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
        (၉)    အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။    
    (ဂ)    လုံခြုံရေးရဲတပ်ဖွဲ့ခွဲများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများအတွက် ရဲတပ်သားသစ် စုဆောင်းရန် အရည်အချင်း သတ်မှတ်ချက်များ
        (၁)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
        (၂)    ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
        (၃)    ကြံ့ခိုင်ကျန်းမာသူဖြစ်ရမည်။ 
        (၄)    ပညာအရည်အချင်း (၆)တန်းနှင့် အထက်ရှိရမည်။
        (၅)    အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
        (၆)    အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။
        (၇)    မျက်မြင် ၁၂ ချက်နှင့်ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။
        (၈)    လုံခြုံရေးရဲတပ်ဖွဲ့ခွဲများအတွက်အမြဲတမ်းတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
    (ဃ)    မှုခင်းရဲတပ်ဖွဲ့အတွက်  ရဲတပ်သားသစ်စုဆောင်းရန် အရည်အချင်းသတ်မှတ်ချက်များ
        (၁)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
        (၂)    ဥပဓိရုပ်ကောင်းသူဖြစ်ရမည်။
        (၃)    ပညာအရည်အချင်း (၁၀)တန်းအောင်နှင့်အထက်ရှိရမည်။
        (၄)    အရပ်အမြင့် ၅ ပေ ၂ လက်မနှင့် အထက်ရှိသူဖြစ်ရမည်။ 
        (၅)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
        (၆)    မျက်မြင် ၁၂ ချက်နှင့်ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။
        (၇)    အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်ထက် မကျော်သူဖြစ်ရမည်။    
၂။    လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-
    (က)    ရဲတပ်ဖွဲ့သို့ ဝင်ရောက်လိုကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ။
    (ခ)    ပညာအရည်အချင်းထောက်ခံချက်။ 
    (ဂ)    ၁၀ တန်းအောင်ဖြစ်ပါက ၁၀ တန်းအောင်လက်မှတ်မိတ္တူ။
    (ဃ)    ဘွဲ့ရဖြစ်ပါက အခြေခံပညာ ၁၀ တန်းအောင်လက်မှတ်မိတ္တူနှင့် ဘွဲ့ရလက်မှတ်မိတ္တူ။
    (င)    မှတ်ပုံတင်မိတ္တူ။
    (စ)    အိမ်ထောင်စုဇယား(သန်းခေါင်စာရင်း)မိတ္တူ။
    (ဆ)    အလုပ်သမားမှတ်ပုံတင်ကတ်။
    (ဇ)    မိဘနှစ်ပါး/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်။
    (ဈ)    ရပ်ကွက်/ကျေးရွာအတွင်းနေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်။
    (ည)    ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်။
    (ဋ)    ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်။
    (ဌ)    အခြေခံရဲတပ်သားသစ်သင်တန်း တက်ရောက်နိုင်ကြောင်း ဝန်ခံချက်။ 
    (ဍ)    သင်တန်းပြီးဆုံး၍ တာဝန်ပေးအပ်ပါက မည်သည့်ဒေသတွင်မဆို ၅ နှစ် တာဝန် ထမ်းဆောင် နိုင်ကြောင်း ဝန်ခံချက်။ 
    (ဎ)    ပတ်စ်ပို့စ်ဓာတ်ပုံ ၄ ပုံ။

ရဲတပ်သားသစ် (အမျိုးသမီး) အရည်အချင်း သတ်မှတ်ချက်
၃။    ရဲတပ်သားသစ် (အမျိုးသမီး) အရည်အချင်း သတ်မှတ်ချက်။        အောက်ပါအတိုင်းဖြစ်ပါသည်−
    (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
    (ခ)    အသက် ၁၈ နှစ်ထက်မငယ်၊ ၂၅ နှစ်ထက်မကြီးသူ။
    (ဂ)    အရပ်အနည်းဆုံး ၅ ပေ၊ ၃ လက်မနှင့်အထက်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိရမည်။
    (ဃ)    ပညာအရည်အချင်း အနည်းဆုံး အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဒုတိယနှစ် အောင်မြင်ပြီးသူ။
    (င)    နယ်ဘက်တရားရုံးများတွင် မှုခင်းကင်းရှင်းသူဖြစ်ရမည်။
    (စ)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
    (ဆ)    သတ်မှတ်ထားသော ဆေးစစ်ခြင်းကို အောင်မြင်သူဖြစ်ရမည်။
    (ဇ)    မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၄။    လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-
    (က)    ရဲတပ်ဖွဲ့သို့ဝင်ရောက်လိုကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ။
    (ခ)    အခြေခံပညာ ၁၀ တန်းအောင်လက်မှတ်မိတ္တူ။
    (ဂ)    ဘွဲ့ရဖြစ်ပါက အခြေခံပညာ ၁၀ တန်းအောင်လက်မှတ်မိတ္တူနှင့် ဘွဲ့ရလက်မှတ်မိတ္တူ။
    (ဃ)    မှတ်ပုံတင်မိတ္တူ။
    (င)    အိမ်ထောင်စုဇယား(သန်းခေါင်စာရင်း)မိတ္တူ။
    (စ)    အလုပ်သမားမှတ်ပုံတင်ကတ်။
    (ဆ)    မိဘနှစ်ပါး/အုပ်ထိန်းသူ သဘောတူညီကြောင်း ထောက်ခံချက်။
    (ဇ)    ရပ်ကွက်/ကျေးရွာအတွင်းနေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံ ချက်။
    (ဈ)    ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်။    
    (ည)    ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်။
    (ဋ)    အိမ်ထောင်မရှိ အပျိုဖြစ်ကြောင်းဝန်ခံချက်။
    (ဌ)    အခြေခံရဲတပ်သားသစ်သင်တန်း တက်ရောက်နိုင်ကြောင်းဝန်ခံချက်။
    (ဍ)    ရဲတပ်သားသစ်အဖြစ်ခန့်အပ်ခံရပါက (၂) နှစ်အတွင်း အိမ်ထောင်မပြုကြောင်းဝန်ခံချက်။
    (ဎ)    သင်တန်းပြီးဆုံး၍ တာဝန်ပေးအပ်ပါက မည်သည့်ဒေသတွင်မဆို (၅) နှစ် တာဝန် ထမ်းဆောင် နိုင်ကြောင်းဝန်ခံချက်။
    (ဏ)    ပတ်စ်ပို့စ် ဓာတ်ပုံ (၄)ပုံ။