မြန်မာနိုင်ငံသား (တရားဝင်) ပြည်ပအလုပ်သမားအသက်အာမခံ
မြန်မာနိုင်ငံသား (တရားဝင်) ပြည်ပအလုပ်သမားအသက်အာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 15, 2024
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
အသက် ၁၈ နှစ် မှ ၆၀ နှစ် အတွင်း ပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက် အလုပ်လုပ် ကိုင်သည့် အလုပ်သမားများ အာမခံထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
တရားဝင်ပြည်ပအလုပ်သမားတစ်ဦးလျှင် အာမခံထားငွေမှာ ကျပ်သိန်း ၅၀ ဖြင့် အများဆုံး (၄)ယူနစ် ကျပ် သိန်း ၂၀၀ ထိ ထားရှိနိုင်ပါသည်။ ကျသင့်ပရီမီယံမှာ တစ်ယူနစ် တနှစ်အတွက် အာမခံကြေးကျပ် ၃၀၀၀၀/-၊ တစ်ယူနစ် ၆လ အတွက် အာမခံကြေး ကျပ် ၁၅၀၀၀/- ပေးသွင်း ရမည်ဖြစ်ပါသည်။ (အာမခံသက်တမ်း ၆ လ အတွက် တစ်ယူနစ်သာ ထားရှိနိုင်ပါသည်။)
လိုအပ်သောစာရွက်စာတမ်းများ
နိုင်ငံသားစီစစ်ရေးကဒ်မိတ္တူနှင့် နိုင်ငံကူးကဒ်လက်မှတ်မိတ္တူ တင်ပြရပါမည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံပေးသွင်းခြင်း
အဆင့်-၃
အာမခံလက်မှတ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- သေဆုံးမှု၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာများအတွက် (မြန်မာ့အာမခံလုပ်ငန်း မှသတ်မှတ်ထားသည့် နှုန်းထားများအတိုင်း) အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။ သက်တမ်းအတွင်း သေဆုံးပါက တစ်ယူနစ်အတွက် လျော်ကြေးငွေ ကျပ် သိန်း ၅၀ ရရှိမည် ဖြစ်ပါသည်။
- အာမခံသက်တမ်းအတွင်း သေးဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ သေဆုံးမှုအကျိုးခံစားခွင့်
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- အာမခံလက်မှတ်နှင့်ငွေသွင်းပြေစာမူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ
- သက်ဆိုင်ရာအေဂျင်စီနှင့်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထောက်ခံချက်
- သက်ဆိုင်ရာသံရုံး (သို့) ကောင်စစ်ဝန်ရုံး (သို့) အလုပ်သမားသံအရာရှိထောက်ခံချက်
- ဆေးရုံထောက်ခံချက်
- ဓာတ်ပုံအထောက်အထား
- Death Certificate and Cremation Certificate (လိုအပ်ပါကနိုတြီပြန်ပေးရန်)
- ၁၀၀/- ကျပ်တန်အခွန်စာချုပ် ၂ စောင်
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- အလောင်းမရရှိပါက ၁ နှစ် ဆိုင်းငံ့ပြီးမှအကျိုးခံစားခွင့်ရရှိမည်။
၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင်
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- အာမခံလက်မှတ်နှင့်ငွေသွင်းပြေစာမူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ထိခိုက်ဒဏ်ရာရရှိကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ
- သက်ဆိုင်ရာအေဂျင်စီနှင့်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထောက်ခံချက်
- သက်ဆိုင်ရာသံရုံး (သို့) ကောင်စစ်ဝန်ရုံး (သို့) အလုပ်သမားသံအရာရှိထောက်ခံချက်
- ဆေးရုံထောက်ခံချက်နှင့်ဆေးကုသမှုမှတ်တမ်းမိတ္တူ၊ ဓာတ်ပုံအထောက်အထား
၃။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ
- သက်ဆိုင်ရာအေဂျင်စီနှင့်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထောက်ခံချက်
- သက်ဆိုင်ရာသံရုံး (သို့) ကောင်စစ်ဝန်ရုံး (သို့) အလုပ်သမားသံအရာရှိထောက်ခံချက်
- ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်းဆေးရုံထောက်ခံချက်နှင့်ဆေးကုသမှုမှတ်တမ်းမိတ္တူ၊ ဓာတ်ပုံအထောက်အထား
- ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
၄။ ကော်မရှင်ပေးခြင်း
- မြန်မာနိုင်ငံသားတရားဝင်ပြည်ပအလုပ်သမားအသက်အာမခံတွင် ၆လသက်တမ်း အာမခံ ဝယ်ယူမှုအတွက် ၁ယူနစ်လျှင် ၁,၀၀၀/- ကျပ်၊ ၁နှစ်သက်တမ်းအာမခံဝယ်ယူမှုအတွက် ၁ ယူနစ်လျှင် ၂,၀၀၀/- နှုန်းဖြင့် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအဖွဲ့ချုပ် (MOEAF) သို့ လည်းကောင်း၊ ၆ လ သက်တမ်း အာမခံဝယ်ယူမှုအတွက် ၁ ယူနစ်လျှင် ၂,၀၀၀/- ကျပ်၊ ၁ နှစ်သက်တမ်း အာမခံဝယ်ယူမှုအတွက် ၁ ယူနစ်လျှင် ၄,၀၀၀/- နှုန်းဖြင့် သက်ဆိုင်ရာအေဂျင်စီများသို့လည်းကောင်း အသီးသီးကော်မရှင်ခံစားခွင့်ပြုပါသည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။