Religious Visa ရရှိရေးနှင့် ပြည်တစ်ကြိမ်ပြန်ဝင်ခွင့်၊ ပြည်အကြိမ်ကြိမ် ပြန်ဝင်ခွင့်၊ သက်တမ်းတိုးနေထိုင်ခွင့် ရရှိရေးထောက်ခံပေးခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ဘာသာရေး အဖွဲ့အစည်းများမှ တင်ပြသူများ

လိုအပ်သောစာရွက်စာတမ်းများ

  • ဗီဇာလျှောက်ထားသူ နေထိုင်မည့်လိပ်စာ
  • လျှောက်ထားသူ၏ ဓာတ်ပုံ ပါဝင်သော Passport မိတ္တူ
  • ဘာသာရေးအဖွဲ့အစည်း၏ လျှောက်ထား တင်ပြချက်
  • ဘာသာရေးသက်သက်ကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး အခြားဘာသာများအား ထိခိုက်ပုတ်ခတ်မှု မပြုလုပ်ကြောင်း
  • နိုင်ငံရေး လုပ်ငန်းများ ဆောင်ရွက်မည် မဟုတ်ကြောင်း တာဝန်ယူဝန်ခံချက်

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

လျှောက်ထားလိုသူသည် လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံဖြင့် သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများသို့တင်ပြရပါမည်။

ဘာသာရေး အဖွဲ့အစည်းမှ သာသနာရေးဦးစီးဌာနသို့ ဆက်လက် တင်ပြရပါမည်။

Religious Visa ရရှိရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ထောက်ခံချက်ရရှိပါက သက်ဆိုင်ရာသံရုံးသို့ သွားရောက်တင်ပြ၍ သတ်မှတ်ဗီဇာအခကြေးငွေ ပေးဆောင်ပြီး ရယူနိုင်ပါသည်။

Religious Visa ရရှိပြီးနောက် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်၊ တစ်ကြိမ်ပြည်ပြန်ဝင်ခွင့်၊ ပြည်နေခွင့်ဗီဇာသက်တမ်းတိုး လျှောက်ထားလိုသူများ အနေဖြင့် ဘာသာရေးသက်သက်သာ ဆောင်ရွက်စေမည်ဖြစ်ကြောင်း တာဝန်ယူ လျှောက်ထားသူ နေထိုင်မည့် လိပ်စာ၊ ကုန်ဆုံးမည့် ဗီဇာသက်တမ်း ကာလ၊ ဗီဇာလျှောက်ထားသူ၏ ဓာတ်ပုံပါဝင်သော Passport မိတ္တူ၊ အဆင့်ဆင့်သက်တမ်းတိုးဖြစ်ပါက ယခင်တိုးခဲ့သည့် ရက်ကာလစသည့် အချက်အလက်များ ပြည့်စုံပါစွာ တင်ပြ၍   သာသနာရေးဦးစီးဌာနသို့ တင်ပြရပါမည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထောက်ခံချက် ရရှိပါက သက်ဆိုင်ရာသံရုံးသို့ သွားရောက် တင်ပြ၍ သတ်မှတ်ဗီဇာ အခကြေးငွေ ပေးဆောင်ပြီး ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

အခြားဘာသာများဌာစု(၇)၊ သာသနာရေးဦးစီးဌာန၊ ရုံးအမှတ် (၃၁)၊ နေပြည်တော်၊

ဖုန်း ၀၆၇-၄၀၆၀၁၆

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

အခြားဘာသာများဌာစု(၇)၊ သာသနာရေးဦးစီးဌာန၊ ရုံးအမှတ် (၃၁)၊ နေပြည်တော်၊

ဖုန်း ၀၆၇-၄၀၆၀၁၆

Website လိပ်စာ

မရှိပါ။