ကျန်းမာရေးအာမခံ(Covid-19 အပိုဆောင်း အပါအဝင်)
ကျန်းမာရေးအာမခံ(Covid-19 အပိုဆောင်း အပါအဝင်)
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက် ၆ နှစ် မှ ၇၅ နှစ် အထိ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ထားရှိနိုင်ပါသည်။ အသက် ၆ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။
ဝန်ဆောင်ခ
အခြေခံအာမခံအကာအကွယ်၊ ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁) နှင့် (၂) တို့ကို တွဲဖက်၍ ထားရှိနိုင်ပါသည်။ အခြေခံအာမခံအကာအကွယ် ဝယ်ယူပြီးမှသာ ရွေးချယ်နိုင်သည့် အကာအကွယ်များကို ဝယ်ယူနိုင်ပါသည်။ တစ်ယူနစ်မှ အများဆုံး ၂၅ ယူနစ်အထိ ဝယ်ယူနိုင်ပြီး အသက်ပိုင်းအခြားအရ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အဆိုလွှာတွင်ဖြည့်စွက်ခြင်း
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း
အဆင့်-၃
ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အာမခံထားရှိပြီး ၁၅ ရက်နေ့မှစ၍ Covid-19 Positive ဖြစ်ကြောင်း သတ်မှတ်ခံရပါက အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။
- ရောဂါကြောင့် ဆေးရုံတက်ခြင်းဖြစ်ပါက ၃ ရက်နှင့်အောက် အကျိုးခံစားခွင့် မရရှိဘဲ မတော်တဆထိခိုက်မှုအတွက် ဆေးရုံတက်ရက် ၁ ရက်မှစ၍ အကျိုး ခံစားခွင့် ရရှိနိုင်ပါသည်။
- သေဆုံးမှု(မတော်တဆ/ရောဂါ)ကြောင့် ဖြစ်ပါက ၁ ယူနစ်အတွက် ကျပ် ၁၀ သိန်း၊ နှင့် Covid-19 ကြောင့် သေဆုံးပါက ၁ ယူနစ် ကျပ် ၁၄ သိန်း အကျိုးခံစားခွင့် ရရှိမည် ဖြစ်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
(က) ကျန်းမာရေးအာမခံ
၁။ ရောဂါကြောင့်ဆေးရုံတက်ခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
၂။ မတော်တဆမှုကြောင့်ဆေးရုံတက်ခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
၃။ သေဆုံးခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးမှုလက်မှတ်/အထောက်အထားမိတ္တူ
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
၄။ ခွဲစိတ်ကုသခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
- ဆေးရုံမှထုတ်ပေးသည့်ငွေတောင်းခံလွှာ (သို့မဟုတ်) ငွေလက်ခံဖြတ်ပိုင်း
၅။ ကိုယ်ဝန်ပျက်ကျခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
- ဆေးရုံမှထုတ်ပေးသည့်ငွေတောင်းခံလွှာ (သို့မဟုတ်) ငွေလက်ခံဖြတ်ပိုင်း
၆။ ကော်မရှင်ပေးခြင်း
- ကျန်းမာရေးအာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၁၀ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။