Inbound Travel Accident Insurance


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

            ပြည်ပမှမြန်မာနိုင်ငံသို့ (Visit/ Business) ဖြင့် လာရောက်မည့် ပြည်ပနိုင်ငံသားများအတွက် နိုင်ငံအတွင်း ခရီးလှည့်လည်နေထိုင်စဉ် Covid-19 ကူးစက်ခံရခြင်းနှင့် မတော်တဆထိခိုက်နစ်နာမှုများအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။ အသက် ၁ နှစ်မှစ၍ အသက်အရွယ် အကန့်အသတ်မရှိ ထားရှိနိုင်ပါသည်။

 

ဝန်ဆောင်ခ

        အာမခံသက်တမ်း အနည်းဆုံး (၁၅) ရက်မှ အများဆုံး ရက်ပေါင်း (၃၆၀) အထိ မိမိစိတ်ကြိုက် ရွေးချယ်ထားရှိနိုင်ပြီး အသက်အရွယ်နှင့် အာမခံသက်တမ်းပေါ်မူတည်၍ ပရီမီယံနှုန်းထား ကွာခြားပါ သည်။

 

လိုအပ်သောစာရွက်စာတမ်းများ

    • အာမခံထားသူ၏ နိုင်ငံကူးလက်မှတ်မိတ္တူ
    • အာမခံထားသူ၏ အချက်အလက်များ
    • အကျိုးခံစားခွင့်ရှိသူ၏ အချက်အလက်များ

 

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

     အဆိုလွှာဖြည့်စွက်ခြင်း၊

အဆင့်(၂)

     ပရီမီယံပေးသွင်းခြင်း၊

အဆင့်(၃)

     ‌ပေါ်လစီစာချုပ်ထုတ်ပေးခြင်း၊

 

ဖြည့်စွက်ချက်

  • Covid-19 ကူးစက်ခံရခြင်းနှင့်ကိုယ်အင်္ဂါထိခိုက်မှုအတွက် Policy အရခွင့်ပြုထားသော အာမခံအကျိုးခံစားခွင့်များ အတိုင်းအကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
  • မတော်တဆမှုကြောင့်သေဆုံးပါက (USD 25,000)၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း အတွက် (USD 25,000)၊ မြန်မာနိုင်ငံတွင် နေထိုင်စဉ် Covid-19 ရောဂါကူးစက်ခံရခြင်း ကြောင့် သေဆုံးခြင်းအတွက် အများဆုံး (USD 25,000)၊ Dead Body အား မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းအတွက် အများဆုံး (USD 25,000)၊ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
  • မြန်မာ့အာမခံလုပ်ငန်း၏ Website နှင့် Mobile Application တို့မှလည်း ဝယ်ယူရရှိ နိုင်ပါသည်။

 

Mobile Application and Website Address

Mobile App: Google Play Store and Apple Store ----> Myanma Insurance

Website: www.mminsurance.gov.mm