ပညာရေးအသက်အာမခံ
ပညာရေးအသက်အာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 15, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက် ၁၈ နှစ် မှ ၅၆ နှစ် အတွင်းရှိ မိခင် (သို့မဟုတ်) ဖခင် ထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
အာမခံထားငွေအနည်းဆုံးကျပ် (၅၀)သိန်း မှ အများဆုံး ကျပ်သိန်း(၁၀၀၀)အထိ ထားရှိနိုင် ပါသည်။ အာမခံထားငွေ၊ အာမခံသက်တမ်းနှင့် အသက်ပေါ်မူတည်၍ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အာမခံထားငွေကျပ်(၁၀)သန်းအထက် ကျော်လျှင်သော်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုဆရာဝန်(သို့မဟုတ်)ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ် ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုးဆေးစစ်ချက်များအား တင်ပြရပါမည်။)
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း
အဆင့်-၃
လက်ခံလွှာထုတ်ပေးခြင်း
အဆင့်-၄
အာမခံပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီး လက်ခံလွှာ၊ ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေး လျက်ရှိပါသည်။
- ပညာရေးအသက်အာမခံတွင် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ(Double Benefit Plan) ထားရှိပါက သေဆုံး၊ အမ်းငွေ၊ ပညာရေးအကျိုးခံစားခွင့်၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန်၊ ပရီမီယံကင်းလွတ်ခွင့်နှင့် အခြေခံအကျိုးခံစားခွင့် ပုံစံ(Basic Benefit Plan)ထားရှိပါက အမ်းငွေ၊ ပညာရေးအကျိုးခံစားခွင့်၊ ချေးငွေ၊ စာရင်းပိတ်၊ ပရီမီယံကင်းလွတ်ခွင့်နှင့် တောင်းခံငွေများ ထုတ်ပေးခြင်း များအား ဆောင်ရွက်ပေးလျက်ရှိပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ သေဆုံးမှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- အလောင်းမရရှိပါက ၂ နှစ် စောင့်ဆိုင်း၍ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်း ရပ်ကွက်/အုပ်ချုပ်ရေးမှူးထောက်ခံချက်
၂။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
- ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- ကုသသည့်အထူးကုဆရာဝန်၏ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ကြောင်းထောက်ခံချက်
၃။ ပရီမီယံကင်းလွတ်ခွင့်
- ပေါ်လစီစာချုပ်မူရင်း
- ပရီမီယံကင်းလွတ်ခွင့်တောင်းခံလွှာတို့အပြင်
- သေဆုံးပါက
- သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- ထာဝစဉ်မသန်စွမ်းဖြစ်ပါက
- ဆေးကုသသည့်ဆရာဝန်၏ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်းထောက်ခံချက်
- ကျန်းမာရေးဝန်ကြီးဌာနမှအသိအမှတ်ပြုထားသည့် ဆေးရုံ/ဆေးခန်းများမှ ဆေးကုသမှုမှတ်တမ်း
၄။ ပညာရေးအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ပညာရေးအသက်အာမခံပေါ်လစီသည် ပရီမီယံပေးသွင်းရသည့်သက်တမ်း ပြီးဆုံးသွားသော် လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးချိန်မှစ၍ အာမခံသက်တမ်းစေ့ရောက်သည့်နေ့ အပါအဝင် တစ်နှစ်ပြည့်သည့် နေ့သို့ရောက်တိုင်း ပညာရေးအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ ၂၀ ရာခိုင်နှုန်းစီကို ပြည်လည်ထုတ်ပေးမည် ဖြစ်သည်။ (အာမခံသက်တမ်းပြည့်သည့်အခါထုတ်ပေးခဲ့သော ပညာရေးအသက်အာမခံ စုစုပေါင်းသည် အာမခံထားငွေနှင့်ညီနေမည်ဖြစ်ပါသည်။)
၅။ ပေါ်လစီကိုစာရင်းပိတ်ခြင်း
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- စာရင်းပိတ်မည်ဖြစ်ကြောင်းပေါ်လစီရှင်၏အကြောင်းကြားစာ
၆။ အမ်းငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၇။ ချေးငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာ
၈။ ကော်မရှင်ပေးခြင်း
- ပညာရေးအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို အာမခံသက်တမ်း (၉)နှစ်အတွက် ပထမနှစ်ပေးသွင်းသည့် ပရီမီယံပေါ်မှ ၁၅ ရာခိုင်နှုန်း၊ အာမခံသက်တမ်း(၁၁)နှစ် အတွက် ပထမနှစ်ပေးသွင်းသည့်ပရီမီယံပေါ်မှ ၂၀ ရာခိုင်နှုန်း၊ အာမခံသက်တမ်း(၁၄)နှစ်အတွက် ပထမနှစ်ပေးသွင်းသည့်ပရီမီယံပေါ်မှ ၂၈ရာခိုင်နှုန်း နှင့် ကျန်သက်တမ်းများအတွက် ပရီမီယံပေါ်မှ ၃ရာခိုင်နှုန်းခံစားခွင့်ရှိသည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။