တစ်လုံးတည်းပေးငွေပင်ငွေရင်းအသက်အာမခံ
တစ်လုံးတည်းပေးငွေပင်ငွေရင်းအသက်အာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 15, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက်(၁၈)နှစ် မှ (၆၀)နှစ် အတွင်းရှိသော (မြန်မာနိုင်ငံသားများနှင့် တရားဝင်လာရောက် နေထိုင်သည့်နိုင်ငံခြားသားများ) အသက်အာမခံထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
အာမခံထားငွေ အနည်းဆုံး ကျပ် သိန်း (၅၀)မှ ကျပ် သိန်း(၂၅၀) အထိ ထားရှိနိုင်ပါသည်။ အာမခံထားငွေ၊ အာမခံသက်တမ်းနှင့် အသက်ပေါ်မူတည်၍ ပရီမီယံနှုန်း တွက်ချက်ကောက်ခံ ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အာမခံထားသူအနေဖြင့် လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုဆရာဝန် (သို့မဟုတ်) ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုး ဆေးစစ်ချက်များအား တင်ပြရပါမည်။)
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးကိုတစ်ကြိမ်တည်းပေးသွင်းရမည်။
အဆင့်-၃
ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီး စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေး လျက်ရှိပါသည်။
- တစ်လုံးတည်းပေးငွေပင်ငွေရင်းအသက်အာမခံတွင် နှစ်စေ့၊ ချေးငွေ၊ အမ်းငွေ၊ သေဆုံး၊ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ နှစ်စေ့အကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ(သို့)ပတ်စပို့မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၂။ သေဆုံးမှုအကျိုးခံစားခွင့်
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ(သို့)ပတ်စပို့မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
- အလောင်းမရရှိပါက ၂ နှစ် စောင့်ဆိုင်း၍ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်း ရပ်ကွက်/အုပ်ချုပ်ရေးမှူးထောက်ခံချက်
၃။ အမ်းငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ(သို့)ပတ်စပို့မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၄။ ချေးငွေ
- အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ(သို့)ပတ်စပို့မိတ္တူ
- ပေါ်လစီစာချုပ်မူရင်း
- နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
- ငွေရပြေစာ
၅။ ကော်မရှင်ပေးခြင်း
- တစ်လုံးတည်းပေးငွေပင်ငွေရင်းအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၀.၅ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။