တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 15, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၅နှစ် မှ ၆၅ နှစ်အထိရှိသူဖြစ်ရမည်။

 

ဝန်ဆောင်ခ

အာမခံထားငွေကို သိန်း(၃၀) မှ အများဆုံး အမေရိကန်ဒေါ်လာ (၁၅,၀၀၀) နှင့်ညီမျှသော မြန်မာကျပ်ငွေအထိသတ်မှတ်ထားပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

အဆိုလွှာ

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

          အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

လက်ခံလွှာထုတ်ပေးခြင်း

အဆင့်-၄

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

အာမခံကြေးကို အာမခံထားသူ၏အသက်ကွဲပြားမှု၊ အာမခံထားငွေတို့အပေါ် အခြေခံ၍ အသင့်တွက်ထားသည့် နှုန်းထားဇယားတို့ဖြင့် တွက်ချက်ကောက်ယူ ပါသည်။ ပရီမီယံကြေးကို (၁)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊(၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ်နှုန်းဖြင့် ပေးသွင်းနိုင်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ ရှင်သန်မှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ(သို့)ပတ်စပို့မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၂။ နှစ်စေ့အကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၃။ သေဆုံးမှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • အလောင်းမရရှိပါက ၂ နှစ် စောင့်ဆိုင်း၍ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်း ရပ်ကွက်/အုပ်ချုပ်ရေးမှူးထောက်ခံချက်

 

၄။ ပေါ်လစီကိုစာရင်းပိတ်ခြင်း

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • စာရင်းပိတ်မည်ဖြစ်ကြောင်းပေါ်လစီရှင်၏အကြောင်းကြားစာ

 

၅။ အမ်းငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၆။ ချေးငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာ

 

၇။ ကော်မရှင်ပေးခြင်း

  • တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။