ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း
စက်မှုဝန်ကြီးဌာန / September 24, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
-
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ "ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း" ပုံစံ(၄)ကို ဖြည့်သွင်းပြီး လျှောက်ထားရန် လိုအပ်သည်။
-
အရောင်းအဝယ်စာချုပ် (Sale Contract) မိတ္တူ
-
အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (Material Safety Data Sheet -MSDS)
ဝန်ဆောင်ခ
ထောက်ခံချက်အတွက် ဝန်ဆောင်ခ မရှိပါ။
လိုအပ်သောစာရွက်စာတမ်းများ
-
ကုမ္ပဏီ Letter Head ဖြင့် ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုး လျှောက်ထားသည့် လျှောက်လွှာ ( နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မိတ္တူပူးတွဲ)
-
Proforma Invoice မိတ္တူ
-
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (D.R.I) မှ Analysis Report
-
Form VI ၊ Form XXVI အပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲ မိတ္တူ
လျှောက်ထားရန်အဆင့်များ
အဆင့် ၁ - ထောက်ခံချက်လျှောက်လွှာလက်ခံစိစစ်ခြင်း
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၀ အရ လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၄)အား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များ လိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။
အဆင့် ၂ - ထောက်ခံချက် လျှောက်လွှာနှင့် လိုအပ်သော စာရွက်စာတမ်းများအား ထပ်မံစိစစ်ခြင်း
အဆင့် ၃ - ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ထောက်ခံချက်တွင် လက်မှတ်ရေးထိုးခြင်း
အဆင့် ၄ - ထောက်ခံချက်မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ထုတ်ပေးခြင်း
ထောက်ခံချက်၏ သက်တမ်းမှာ (၆)လ ဖြစ်ပါသည်။
လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက်လာရောက် ထုတ်ယူခြင်းမရှိလျှင် ကိုယ်စားလှယ်သည် ကိုယ်စားလှယ်လွှဲစာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မူရင်း၊ မိတ္တူ တစ်စုံနှင့်အတူ ယူဆောင်လာရပါမည်။
ဝန်ဆောင်မှုပေးသည့် ဌာနအားဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
ဥက္ကဋ္ဌ
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးဗဟိုကြီးကြပ်ရေးအဖွဲ့။
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
ဖုန်း-၀၆၇-၄၀၅၃၂၄၊ Fax: ၀၆၇-၄၀၅၀၅၂
e-mail : myanmarchemical@gmail.com
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
နေပြည်တော်
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
ဖုန်း-၀၆၇-၄၀၅၃၂၄၊ Fax: ၀၆၇-၄၀၅၀၅၂
e-mail : myanmarchemical@gmail.com
Website လိပ်စာ