ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 11, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီတွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဆွတ်ငိုင် ရပ်ကွက်ရှိ နန်းအောင်(၃၄)နှစ်၏ နေအိမ်ခြံဝင်းအတွင်း၌ စက်သုံးဆီများ တရားမဝင် သိုလှောင် ထားကြောင်း သတင်းအရ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏နေအိမ်ခြံဝင်းအတွင်း၌ ဓာတ်ဆီ ၄၅ ဂါလန်ခန့်စီပါ ပေပါ ၂၀ လုံး၊ စုစုပေါင်း ၉၀၀ ဂါလံခန့်(တစ်ဂါလံလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀ ခန့်) တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် နန်းအောင် အား တနိုင်းမြို့မရဲစခန်း (ပ)၅၆/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ ဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
Posted on Mar 10, 2026ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း
Posted on Mar 10, 2026နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
Posted on Mar 10, 2026နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)
