ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 05, 2025
၁။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ ဇီးအုန်ကုန်းလမ်း၊ ခြံအမှတ် (၁၇/A) တွင် ပါတီရုံးချုပ်တည်ရှိသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်း ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၈-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါ အတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက် အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Aug 4, 2025စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
Posted on Aug 4, 2025၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ
Posted on Aug 4, 2025၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။