ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ငွေကျပ် ၅၁ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ငွေကျပ် ၅၁ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 05, 2026
၂၀၂၆ ခုနှစ်၊ မတ် ၃ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀)ရပ်ကွက်၌ မသင်္ကာဖွယ်တွေ့ရှိသူ လွိုင်ကော်မြိုနယ်၊ မထောခူကျေးရွာအုပ်စု၊ လောပိတစံပြကျေးရွာနေ ဒေါ်လင်းလင်းစိုး(၄၄)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၁၉၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၅၁ သိန်း ၉ သောင်း)အား ဖမ်းဆီးရမိသဖြင့် ဒေါ်လင်းလင်းစိုး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါ သည်။
စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်
Posted on Mar 5, 2026မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Posted on Mar 5, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Posted on Mar 4, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
